Connect with us

Videos

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒုတိယအကြိမ် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်တွင် အမှာ စကား ပြောကြားခဲ့

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို အတတ်နိုင်ဆုံး အားလုံး ဝိုင်းဝန်း ထမ်းဆောင်ရမည့် နေရာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၅ ရက် နေပြည်တော် လွှတ်တော် အဆောက်အဦးရှိ သဘင်ဆောင်၌ ပြုလုပ်သော ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်တွင် ယခုလို အမှာစကား ပြောကြားခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းရည် မြင့်တက်လာ စေရန် ရည်ရွယ်၍ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ် ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပမည့် သင်တန်းအား ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် စတင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ထိုလွှတ်တော် ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်အား UNI နှင့် UNDP တို့က ပူးပေါင်းစီစဉ်ကြပြီး ပါကစ္စတန် လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အရှေ ့တီမော လွှတ်တော် ဥက္ကဋ္ဌ၊ သြစတြေးလျ၊ ဘူတန်၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ နယူးဇီလန်၊ UK လွှတ်တော်များမှ အမတ်များ၊ အတွေ့အကြုံ ရှိ အမတ်ဟောင်းများနှင့် UNDP မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စသည့် ဆရာ ဆရာမ ၁၈ ဦးတို့က လွှတ်တော်လုပ်ငန်း၊ အမတ်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး သင်ကြားပေးကြမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်မှ အမတ် ၃၀၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၁၄၉ ဦးနှင့် ပြည်သူ့လွှတ်တော် ကော်မရှင် အဖွဲ့ဝင် ၇ ဦးတို့တက်ရောက် ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.