Connect with us

Videos

မြန်မာနိုင်ငံဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်-အာဆီယံ ခေါင်းဆောင်များထိပ်သီး အစည်း အဝေး တက်ရောက်

ရန်ချို မီရာ့ချ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကျင်းပခဲ့သော အမေရိကန်-အာဆီယံ ခေါင်းဆောင်များထိပ်သီး အစည်း အဝေး တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ တွင် နှစ်ရက်ကြာပြုလုပ်မည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ၌ စီးပွားရေး နှင့် လုံခြုံရေးကိစ္စရပ်များ ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား နှင့် အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များသည် ရင်းနှီး ချစ်ကြည်မှု တာရှည်တည်တံ့ရန် ရှေးရှု၍ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သမ္မတ အိုဘားမားက အဖွင့်အမှာစကားပြောကြားရာတွင် အမေရိကန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း နှင့် ထိတွေ့ဆက်ဆံမှု များကို အရှိန်အဟုန်မြှင့် တည်ဆောက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အစည်းအဝေးတွင် ယခု ထိပ်သီး အစည်းဝေး ကို အမေရိကန်နိုင်ငံတွင် ပထမဆုံးကျင်းပနိုင်သည့် အခြေအနေမှတစ်ဆင့် အမေရိကန်-အာဆီယံဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.