Connect with us

Videos

ဖမ်းဆီးရမိထားသော ကန်ဒေါ်လာ ၂၁၇ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အောက်မြန်မာပြည် ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုနှင့် တပ်ဖွဲ့ ၂ ခုမှ ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၂၁၇.၉၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ ကျရောက်သော အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါး ပမာဏမှာ နှစ်စဉ် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါး များထက် များပြားပြီး ယခင်နှစ်ထက် နှိုင်းယှဉ်ပါက အဆ ၄၀ ခန့်ပိုများကြောင်း သိရသည်။၎င်းမီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနသာၤရီ တိုင်းဒေသကြီး ၊ ပဲခူး တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင် ပြည်နယ် ၊ မွန် ပြည်နယ် ၊ ကရင် ပြည်နယ် ၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံး ပြီးပြတ်ချက် ရရှိပြီးသည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။ယနေ့မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၊ စိတ်ကြွ ရူးသွပ် ဆေးပြား ၊ ဆေးခြောက် ၊ အိုက်စ် စသည်ဖြင့် စုစုပေါင်း ၂၅ မျိုး ပါဝင်ပြီး ကာလ တန်ဖိုး အနေဖြင့် ငွေကျပ် ၂၉၆.၄ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.