Connect with us

Videos

ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးနောက် အာဂျင်တီးနားနိုင်ငံသားများ အောင်ပွဲခံ

ဗျူရိုအေးရိစ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၈ ရက်၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားနိုင်ငံအသင်းက ပြင်သစ်နိုင်ငံအသင်းကို ပင်နယ်တီဂိုးများဖြင့် အနိုင်ရရှိပြီးနောက် အာဂျင်တီးနားနိုင်ငံတစ်ဝန်းရှိ လမ်းမများမှာ ပျော်ရွှင်မှုနှင့် အောင်ပွဲခံခြင်း ကျင်းပရာနေရာများဖြစ်လာခဲ့သည်။အဆိုပါ အောင်ပွဲမှာ အာဂျင်တီးနားနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့ဖလားဆု ရရှိခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်မှာ ၁၉၈၆ ခုနှစ်၌ ရရှိခဲ့ခြင်းဖြစ်သည်။ဗျူရိုအေးရိစ်မြို့တွင် အာဂျင်တီးနားနိုင်ငံသား မြောက်မြားစွာတို့သည် အောင်ပွဲခံရန် လမ်းမများနှင့် ဘားများအတွင်း စုဝေးခဲ့ကြသည်။

အာဂျင်တီးနား ဘောလုံးပရိသတ်

“ကျွန်တော်တို့နိုင်မယ်ဆိုတာ သိနေတယ်လေ။ ဒီရေဂို မာရာဒိုနာရဲ့ စိတ်ဓာတ်က အာဂျင်တီးနားအသင်းကို အမြဲတမ်းလွှမ်းမိုးထားတာ။ ပြီးတော့ သူ့စိတ်ဓာတ်က ကျွန်တော်တို့မှာရောပဲ ရှိတယ်။ ဒီပွဲက ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာဂျင်တီးနားတွေက ခက်ခဲတဲ့ကစားပွဲတိုင်းကို အနိုင်ရရှိဖို့ အမြဲတမ်းကောင်းနေကြတယ်လေ”

အာဂျင်တီးနား ပရိသတ်
“အာဂျင်တီးနားက ခက်ခဲတဲ့ပြိုင်ပွဲတွေရဲ့ နောက်ဆုံးမိနစ်မှာ အမြဲတမ်းနိုင်လေ့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ အာဂျင်တီးနားကို အမြဲတမ်းယုံကြည်ပြီးသား”

အာဂျင်တီးနား ပရိသတ်
“အရမ်းပျော်တာပဲ။ ကျွန်မ သိပ်ကိုပျော်တယ်။ ဘာလိုလဲဆိုတော့ ကျွန်မတို့မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းရှိတယ်လေ။ ယုံတောင်မယုံနိုင်ဘူး။ ဘောလုံးကစားနေတုန်း ကျွန်မ ငိုလိုက်ရတာ အကြိမ် ၇၀ လောက်ရှိမယ်”

ပြင်သစ် ဘောလုံးပရိသတ်များအတွက်လည်း သည်းထိတ်ရင်ဖိုခံစားမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ပြင်သစ် ဘောလုံးပရိသတ်
“ပထမပိုင်းမှာ ကျွန်တော်တို့မှာ အခွင့်အရေးတချို့ရခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပြန်စုစည်းနိုင်ခဲ့ပေမဲ့ မလုံလောက်ခဲ့ဘူး။ နောက်ဆုံးတော့ ပင်နယ်တီကန်ခဲ့ရတာပေါ့။ ဒီပွဲက တော်တော်လေးကို ခက်ခဲပါတယ်”

ပြင်သစ် ပရိသတ်
“အာဂျင်တီးနားက ဦးဆောင်ကစားခဲ့တယ်လို့ ကျွန်မထင်တယ်။ ဒီပွဲမှာ သူတို့အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ပြင်သစ်ရှုံးတဲ့အတွက်တော့ ဝမ်းနည်းတာပေါ့”

#WorldCup #Argentina #Victory #Xinhua #Myanmar #XinhuaMyanmar #ကမ္ဘာ့ဖလား #အာဂျင်တီးနား #အောင်ပွဲ #ဆင်ဟွာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.