Connect with us

Videos

ဝံပုလွေငယ် သားပေါက်လေးကို ဆိတ်နို့တိုက်ကျွေး

ဟူးဟောက် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အောဒို့မြို့ ရှိ တောရိုင်းတိရစ္ဆာန်ဥယျာဉ် တစ်ခုတွင် တိရစ္ဆာန်သားဖောက်ပေးသူ၏အကူအညီဖြင့် ဝံပုလွေငယ်သားပေါက်လေးတစ်ကောင်ကို ဆိတ်နို့ တိုက်ကျွေးလျက်ရှိသည်။ယင်း ဝံပုလွေငယ်ပေါက်လေးကို ဆာဖာရီဥယျာဉ်က ၂၀၂၃ ခုနှစ် မတ်လတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။“ဒီသားပေါက်ကလေးကို မမွေးခင်မှာ သားပေါက်လေးရဲ့ အဖေက သူ့အမေကို ထားသွားတော့ အမေက ဒေါသကြီးပုံရတယ်။ ဒီသားပေါက်လေးကို မိခင်ဝံပုလွေက အသိအမှတ်မပြုခဲ့ဘူး။ အဲဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာပဲ ကျွန်တော်တို့ တိရစ္ဆာန်ရုံက ဆိတ်တစ်ကောင်က ခက်ခက်ခဲခဲ သားပေါက်ခဲ့ပြီးနောက် အဲဒီဆိတ်ပေါက်ကလေး သေဆုံးသွားခဲ့ပါတယ်။ ဒီတော့ နို့ထွက်တဲ့ ဆိတ်အမေဆီ ဝံပုလွေငယ်ပေါက်လေးကို ခေါ်သွားပြီး နို့တိုက်စေခဲ့တယ်။ ဆိတ်နို့က အစာကြေလွယ်တယ်လေ။ သားပေါက်လေးက ပုံမှန်ဝမ်းသွားတယ်။ သူ့ရဲ့ ကျန်းမာရေး လက္ခဏာတွေ တော်တော်လေးကောင်းပါတယ် ”ဟု ဝန်ထမ်းများက ပြောကြားခဲ့သည်။(Xinhua)
——————————-
Coyote cub feeds on milk from goat
A coyote cub has been feeding on milk from a goat with the help of its breeder at a wildlife park in Ordos in China’s Inner Mongolia.
The cub was born at the safari park in March this year.
“Before the mother gave birth to this cub, the father had left the mother, so the mother had some impulsive behavior. And the mother coyote failed to recognize this cub. It happened that a goat in our zoo encountered difficulty in giving birth, and after that the baby goat died. And the mother goat had milk, so we brought this mother goat to the coyote cub, and let it suckle at the goat’s milk, which is easy to digest. The cub has normal defecation. All its health signs are quite good.” Staff members say.
Xinhua News Agency correspondents reporting from Hohhot, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.