Connect with us

Videos

အာဆီယံထိပ်သီးအစည်းအဝေး ၂၀၂၃ အတွက် Wuling Motors Indonesia က တရားဝင်ကားမိတ်ဖက်အဖြစ် ပံ့ပိုးကူညီမည်

ဂျကာတာ ၊ မေ ၁ ရက်(ဆင်ဟွာ)

မကြာမီကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် Wuling Motors Indonesia က တရားဝင်ကား မိတ်ဖက်အဖြစ် ပံ့ပိုးကူညီသည့် အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အင်ဒိုနီးရှား နိုင်ငံတော် အတွင်းဝန်များရုံး ဝန်ကြီးဌာနထံသို့ Wuling Motors Indonesia က Air EV မော်တော်ယာဉ်များအား ဧပြီ ၂၉ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံ East Nusa Tenggara ပြည်နယ် Labuan Bajo မြို့၌ မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်မည့် ၄၂ ကြိမ်မြောက် အရှေ့တောင်အာရှအာဆီယံနိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးအတွင်း ကိုယ်စားလှယ်များ သွားလာရေးအတွက် အဖြူရောင် Air EV အစီးရေ ၅၀ က ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်သည့်အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းရေးရာ နှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်း ဆောင်ရွက်ရေး ဝန်ကြီး Luhut Binsar Pandjaitan က နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအား အလေးထားပြောကြားခဲ့သည်။

Wuling Motors Indonesia သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျိုကျိုးမြို့ အခြေစိုက် SAIC Motor ၊ General Motors နှင့် Liuzhou Wuling Motors တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် အဓိကတရုတ်မော်တော်ကားထုတ်လုပ်သူ SAIC-GM-Wuling (SGMW) ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————-
Wuling Motors Indonesia to support ASEAN Summit 2023 as official car partner
Wuling Motors Indonesia has handed over Air EV vehicles symbolically to Indonesia’s Ministry of State Secretariat in Jakarta on Saturday, marking its support for the upcoming ASEAN Summit as an official car partner.
A total of 50 Air EV units in pristine white will be on duty for the mobility of delegates during the 42nd Association of Southeast Asian Nations (ASEAN) Summit to be held on May 9-11 in Labuan Bajo, East Nusa Tenggara province.
During the ceremony, Luhut Binsar Pandjaitan, Indonesia’s Coordinating Minister of Maritime Affairs and Investment, spoke highly of China’s investments in the country.
Wuling Motors Indonesia is a subsidiary of the major Chinese automobile manufacturer SAIC-GM-Wuling (SGMW), which is a joint venture between SAIC Motor, General Motors and Liuzhou Wuling Motors based in Liuzhou, south China’s Guangxi Zhuang Autonomous Region.
Xinhua News Agency correspondents reporting from Jakarta.
(XHTV)