Connect with us

Videos

အာဖဂန်နစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား လေယာဉ်ခရီး ပြန်လည်စတင်ခြင်းအား အာဖဂန်နိုင်ငံသားများက ကြိုဆို

ကဘူးလ် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့အား ချိတ်ဆက်ထားသည့် တိုက်ရိုက် လေကြောင်းခရီးစဉ်အား COVID-19 ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ရပ်ဆိုင်းပြီးနောက် မေ ၂၄ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် နှင့် တရုတ်နိုင်ငံ ဝူးလုမုချီမြို့တို့အကြား လေကြောင်းခရီးစဉ်အား အာဖဂန်လေကြောင်းလိုင်း Ariana Afghan လေကြောင်းလိုင်းက ပြေးဆွဲခဲ့ကြောင်း သိရသည်။ယင်းခရီးသည်တင်လေကြောင်းဝန်ဆောင်မှုသည် ရက်သတ္တပတ်လျှင် ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလေကြောင်းခရီးစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် စီးပွားရေးဆက်သွယ်မှုများ တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)
—————————

Afghans welcome flight resumption between Afghanistan, China
A direct flight route linking Afghanistan and China resumed on Wednesday, following three years of suspension due to the COVID-19 pandemic.
The flights between the Afghan capital Kabul and the Chinese city of Urumqi were operated by Afghan flag carrier Ariana Afghan Airlines.
The passenger air services operate once in a week on Wednesday and return to Kabul on the same day.
The flights are expected to enhance trade and economic relations between the two countries.
Xinhua News Agency correspondents reporting from Kabul. (XHTV)