Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စမတ်ကိရိယာများ လိုအပ်ချက် တိုးလာနေချိန်တွင် တရုတ်နည်းပညာကုမ္ပဏီက စက်ရုံသစ် ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ် ၊ မေ ၂၈ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စမတ်ကိရိယာများ လိုအပ်ချက် တိုးလာခြင်းအား ဖြည့်ဆည်းရန် တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Transsion Holdings က ISMARTU စက်ရုံအား မေ ၂၄ ရက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Transsion Holdings ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ISMARTU Technology BD Limited သည် TECNO ၊ Itel ၊ Infinix ၊ oraimo နှင့် Syinix ကဲ့သို့သော နာမည်တော် စမတ်အမှတ်တံဆိပ်များအား ကိုယ်စားပြုကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganj မြို့ Meghna စက်မှုစီးပွားရေးဇုန်၌ တည်ရှိသည့် စက်ရုံသစ်သည် တည်ဆောက်မှု ပထမအဆင့်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၂ သန်းခန့် ရှိပြီး ဧရိယာ စတုရန်းမီတာ ၂၂,၀၀၀ ကျော် ကျယ်ဝန်းသည်။ စက်ရုံသစ်တွင် နောက်ဆုံးပေါ်နည်းပညာများ တပ်ဆင်ထားပြီး အရည်အသွေး နှင့် ဘေးကင်းလုံခြုံမှုအတွက် မြင့်မားသော နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.