Connect with us

Videos

SCO အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နက်ရှိုင်းသည့်အပြန်အလှန်ယုံကြည်မှုများ၊ ရိုင်းပင်းကူညီမှုများဖြင့်ရှေ့ဆက်

ချင်းသောင်၊ ဇွန် ၉ ရက်(ဆင်ဟွာ)

လွန်ခဲ့သည့် ၅ နှစ်အတွင်းကျင်းပခဲ့သည့် SCO ထိပ်သီးအစည်းအဝေးတိုင်းသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တက်ရောက်ခဲ့ပြီးအကျိုးစီးပွားများကိုအတူတကွမျှဝေသည့် အသိုက်အဝန်းတစ်ခုကို SCO ၏ မူဘောင်အောက်တွင်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းခဲ့သည်။ သမ္မတရှီက “SCO အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့်ဖွံ့ဖြိုးတိုးတက်စေမည့် တွန်းအားတစ်ရပ်ဖြစ်သည့် ရှန်ဟိုင်းစိတ်ဓါတ်ဖြင့်လက်တွဲကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုှအစဉ်အလာကောင်းကိုလက်ဆင့်ကမ်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နက်ရှိုင်းသည့်အပြန်အလှန်ယုံကြည်မှုများ အပြန်အလှန်ရိုင်းပင်းကူညီမှုများဖြင့်ရှေ့ဆက်ရမည်ဖြစ်ကြောင်း” ဆိုသည်။ ၁၈ ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အစည်းအဝေးကို ဇွန်လ ၉ ရက်နှင့် ၁ဝ ရက်နေ့တို့တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းချင်းသောင်၌ ကျင်းပလျက်ရှိပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.