Connect with us

Africa & Middle East

အီရန်နျူကလီးယားသဘောတူညီချက်မူဘောင်ကို ဆက်လက်ထိန်းသိမ်းရန် အီရန်က ကြိုးပမ်းလျက်ရှိကြောင်း အီရန်နိုင်ငံသမ္မတ ပြောကြား

အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်ကို မြို့တော် တီဟီရန်တွင် သမ္မတရာထူးတာဝန်ယူပြီးနောက် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သော ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရန်ကြိုးစားရှာဖွေခြင်းမဟုတ်ဘဲ အီရန်နျူကလီးယားပြဿနာဆိုင်ရာဘက်စုံသဘောတူညီမှု မူဘောင်ကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က စက်တင်ဘာ ၁၆ ရက်တွင် တီဟီရန်မြို့၌ ပြောကြားခဲ့သည်။

“နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့မရှာဖွေပါဘူး၊ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ သိပ္ပံဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့သာ ကြိုးပမ်းနေတာပါ” ဟု ၎င်းသမ္မတရာထူးတာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် အီရန်နျူကလီးယားသဘောတူညီချက်မူဘောင်ကိုဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ “အခြားနိုင်ငံများ” က သဘောတူညီချက်ပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်သာ အီရန်က ၎င်း၏မူလရည်ရွယ်ချက်များကို ချိုးဖောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့က အဆိုပါသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရန် ကတိပြုပါက အီရန်လည်း လိုက်နာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်သည် မည်သည့်အခါကမှ စစ်ပွဲစတင်သည့်ဘက်က မဟုတ်ကြောင်း၊ အခြားနိုင်ငံများအပေါ် ရန်လိုမှုမရှိသော်လည်း နိုင်ငံနှင့် ပြည်သူများလုံခြုံရေးအတွက် နိုင်ငံကာကွယ်ရေးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီတို့နှင့် အီရန်နျူကလီးယားသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံသည် သဘောတူစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ဆက်တိုက်ပြန်လည်စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်သည်သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်အချို့ကို လိုက်နာဆောင်ရွက်ရန် ဖြည်းဖြည်းချင်း ရပ်တန့်ထားသော်လည်း အဆိုပါ အစီအမံများသည် ပြန်လည်ပြောင်းလဲနိုင်ကြောင်း အီရန်က ကတိပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ အီရန်နျူကလီးယားသဘောတူစာချုပ် သက်ဆိုင်ရာနိုင်ငံများသည် သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာတွင် အကြိမ်ပေါင်းများစွာ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် အီရန်အနေဖြင့် အဆိုပါသဘောတူစာချုပ်အား ပြန်လည်စတင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ အမေရိကန်က သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လအစောပိုင်းတွင် ဥရောပသမဂ္ဂသည် အီရန်နျူကလီးယားသဘောတူညီချက်ပြန်လည်စတင်ရေးနှင့်ပတ်သက်သော “နောက်ဆုံးအစီအစဥ်” ကို စေ့စပ်ညှိနှိုင်းသူများထံသို့ တင်သွင်းခဲ့ပြီး အီရန်နှင့် အမေရိကန်တို့သည် ယင်းအစီအစဥ်အပေါ် သဘောထားအမြင်များကို စာဖြင့်ဖလှယ်ခဲ့ကြသော်လည်း စေ့စပ်ညှိနှိုင်းမှုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာမှ စတင်၍ သိသာထင်ရှားသော တိုးတက်မှုများမရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


………………………..
(Chinese Version)
伊朗总统:伊朗仍寻求维持伊核协议框架
新华社德黑兰9月16日电(记者沙达提 陈霄)伊朗总统佩泽希齐扬16日在德黑兰表示,伊朗并不寻求发展核武器,仍致力于维持伊朗核问题全面协议框架。
佩泽希齐扬当天在其上任后的首次新闻发布会上说:“我们并不寻求发展核武器,只寻求满足我们的技术和科学需求。”他表示,伊朗仍然致力于维持伊核协议框架,是“其他国家”不履行协议条款,让伊朗被迫违背初衷。如果美国和部分欧洲国家承诺继续履行协议条款,伊朗也将履约。
佩泽希齐扬还表示,伊朗从不是发动战争的一方,对其他国家没有敌意,但伊朗需要保持国防力量来确保国家和人民安全。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。2018年5月,美国单方面退出协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行协议部分条款,但承诺所采取措施“可逆”。2021年4月起,伊核协议相关方在奥地利首都维也纳举行多轮会谈,讨论美伊恢复履约问题,美国间接参与谈判。2022年8月初,欧盟向谈判参与方提交了一份关于恢复履行伊核协议的“最终文本”,伊朗和美国随后针对这一文本互相交换书面意见,但谈判自2022年9月起未取得明显进展。(完)
图说:9月16日,伊朗总统佩泽希齐扬在首都德黑兰出席其上任后的首次新闻发布会。