Connect with us

Social, Education & Health

ကယ်လီဖိုးနီးယား တောမီးက အမေရိကန် နေအိမ်အာမခံလုပ်ငန်းများကို “လောင်ကျွမ်း” စေ

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဟောလိဝုဒ်တောင်၊ ပစိဖိတ်ကမ်းခြေ အပန်းဖြေစခန်းများမှ ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်တည်ရှိသော ယဉ်ကျေးမှုမြို့တော် Pasadena အထိ…လတ်တလောတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ခရိုင်နှင့် အနီးဝန်းကျင်ဒေသများ၌ တောမီးလောင်ကျွမ်းမှုသည် ပိုမိုပြင်းထန်လာရာ သောင်းနှင့်ချီသော နေအိမ်၊ စတိုးဆိုင် စသည့် အဆောက်အအုံများ ပျက်စီးခဲ့ရပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုမှာ မှန်းဆရန်ပင် ခက်ခဲလှပေသည်။ကယ်လီဖိုးနီးယား တောမီးသည် နှစ်စဉ် “ပုံမှန်” ဖြစ်ပွားနေကျဖြစ်ပြီး ဖျက်ဆီးမှုအတိုင်းအတာမှာ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ အမေရိကန် အာမခံလုပ်ငန်းများကို ရိုက်ခတ်ခဲ့သည်။ မီးဘေးလျော်ကြေးအန္တရာယ် အလွန်ပင် မြင့်မားသောကြောင့် အာမခံကုမ္ပဏီများက ကယ်လီဖိုးနီးယား နေအိမ်အာမခံလုပ်ငန်းကို စိုးရွံ့၍ ရှောင်ရှားနေကြသည်။

 အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင် Malibu မြို့ရှိ တောင်ကုန်းတစ်ခုတွင် တောမီးငြှိမ်းသတ်မှု၌ ပါဝင်သော မီးသတ်သမားများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပစိဖိတ်ကမ်းခြေနှင့် Santa Monica တောင်အကြားရှိ Pacific Palisades အဆင့်မြင့်အိမ်ရာသည် ယခု သီတင်းပတ်အတွင်း လောင်ကျွမ်းခဲ့သော အဆိုပါတောမီးဒဏ်ကို အဆိုးရွားဆုံးခံစားရသည့် နေရာများအနက်တစ်ခု ဖြစ်သည်။ ထိုနေရာရှိ နေအိမ်တန်ဖိုးကြီးမား လှသော်လည်း ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း တောမီးအန္တရာယ်အမြင့်မားဆုံးဒေသ ၅ ခုအနက် တစ်ခုအဖြစ် စာရင်းသွင်းပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းသည်လည်း အမေရိကန်နိုင်ငံ နေအိမ်အာမခံ လွှမ်းခြုံမှု အနည်းဆုံးဒေသများအနက် တစ်ခုဖြစ်ခဲ့သည်။

အမေရိကန် “State Farm Insurance” အာမခံကုမ္ပဏီသည် ကယ်လီဖိုးနီးယားရှိ လုံးချင်းအိမ်နှင့် တိုက်ခန်းပေါင်း ၇၂,၀၀၀ ၏ အာမခံကို ရပ်တန့်ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့ကြောင်း၊ ဤလုပ်ဆောင်ချက်မှာ ၎င်းအနေဖြင့် Pacific Palisades ရှိ နေအိမ်အာမခံဈေးကွက်၏ ရှယ်ယာ ၇၀ ရာခိုင်းနှုန်းကို လက်လွှတ်လိုက်ခြင်းဖြစ်ကြောင်း San Francisco Chronicle ၏ သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ကမ်းရိုးတန်းရပ်ကွက် Pacific Palisades တွင် တောမီးလောင်မှုအတွင်း အိမ်များလောင်ကျွမ်းသွားသည်ကို ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် အိမ်ဝယ်သူက ၎င်းတို့ နေအိမ် မတော်တဆဖြစ်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရလျှင် လျော်ကြေးရရှိရေး သေချာစေရန်နှင့် နေအိမ် ပစ္စည်းဥစ္စာဆုံးရှုံးမှုကို ကုစားနိုင်ရန် နေအိမ်အာမခံဝယ်ယူခြင်းသည် ပုံမှန်လုပ်ဆောင်ချက်ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်နိုင်ငံ၏ လူဦးရေအများဆုံး၊ နေအိမ်ဈေးနှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်သော်လည်း တောမီး၊ ရေကြီးမှု၊ မုန်တိုင်းစသည့် အစွန်းရောက် ရာသီဥတုကပ်ဘေးများလည်း မကြာခဏဖြစ်ပွားသည်။ ထို့ကြောင့်ပင် မကြာသေးမီနှစ်များတွင် အကြီးစား အာမခံကုမ္ပဏီများသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ်အာမခံလုပ်ငန်းများကို ပယ်ဖျက်လိုက်ကြသည်။

ယခု သီတင်းပတ်တွင် ဖြစ်ပွားသော လော့စ်အိန်ဂျလိစ်ဒေသ တောမီးလောင်ကျွမ်းမှု မပါဝင်ဘဲ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းရှိ “ဖျက်ဆီးနိုင်စွမ်းအရှိဆုံး” တောမီးလောင်ကျွမ်းမှု ၂၀ ကျော်အနက် အများစုမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ထိုအကြောင်းအရာနှင့် ဆက်စပ်သော လက္ခဏာများမှာ ကယ်လီဖိုးနီးယားပြည်နယ်၏ “မီးဘေးအန္တရာယ်မြင့်မားသောနေရာ” တွင် နေအိမ်ဝယ်ယူသည့် ပိုင်ရှင်များသည် နေအိမ်အာမခံ ရရှိရန်နှင့် ပေးဆောင်ရန် ပို၍ ခက်ခဲလာသည်။ ၂၀၂၃ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် အာမခံဈေးကွက်ရှယ်ယာ အများဆုံးဖြစ်သော အကြီးစား အာမခံကုမ္ပဏီ ၁၂ ခုအနက် ၇ ခုက ကယ်လီဖိုးနီးယားပြည်နယ် နေအိမ်အာမခံစာချုပ်သစ်ချုပ်ဆိုခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ယာယီဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အေပီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆုံးရှုံးမှုကြီးမား၍ လျော်ကြေးပေးရန် မလုံလောက်ဖြစ်နေ

သမားရိုးကျ စီးပွားဖြစ် နေအိမ်အာမခံ ပုံမှန် ရယူနိုင်မှု မရှိသည့်အခြေအနေတွင် အိမ်ပိုင်ရှင်များသည် အာမခံဝယ်ယူခြင်းကို လက်လွှတ်ရန် သို့မဟုတ် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရ တင်သွင်းထားသော “တရားမျှတသောအာမခံရရှိရေးလိုအပ်ချက်များအစီအစဉ် (FAIR)” တွင် ပါဝင်ရန် ရွေးချယ်မှုသာ ရှိသည်။ ယင်းသည် ပြည်နယ်အစိုးရက “အာမခံမရှိသော အိမ်ပိုင်ရှင်များ” အတွက် အကန့်အသတ်ဖြင့် ပေးအပ်သည့် အာမခံအစီအစဉ်ဖြစ်သော်လည်း လျော်ကြေးရရှိမည့်အတိုင်းအတာမှာ အခြေခံအကျဆုံး ပစ္စည်းဥစ္စာဆုံးရှုံးမှုအတွက်သာဖြစ်ပြီး လျော်ကြေးအမြင့်ဆုံးမှာ ကန်ဒေါ်လာ ၃ သန်းဖြစ်သည်။ ပိုင်ရှင်အများအပြားသည် နေအိမ်ချေးငွေ လျှောက်ထားမှု အောင်မြင်ရန်သာ အဆိုပါ အာမခံကို ဝယ်ယူခြင်းဖြစ်သည်။ သို့သော် ထိုတောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော နေအိမ်အများအပြားနှင့် ၎င်းနှင့် ဆက်စပ်သည့် ပူးတွဲ ပိုင်ဆိုင်မှုတန်ဖိုးများ ကြည့်လျှင် FAIR လျော်ကြေးပမာဏသည် ပိုင်ရှင်များ၏ ဆုံးရှုံးမှုကို ကုစားနိုင်ရန် ခဲယဉ်းလှပေသည်။

တချို့သော FAIR အာမခံများသည် “စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း” ဟုပင် ဆိုနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မီးလောင်မှုကြောင့် ပျက်စီးသွားသော ပိုင်ဆိုင်မှုများကို အဟောင်းဈေးဖြင့် တန်ဖိုးဖြတ်ပြီးနောက် “လက်တွေ့ ငွေသား တန်ဖိုး” ကိုသာ ပေးလျော်မည်ဖြစ်ပြီး အစားထိုး ပြန်လည်ဝယ်ယူရန် ကုန်ကျမည့်စရိတ်အားလုံးအတွက် မဟုတ်ကြောင်း အာမခံလုပ်ငန်း ဝယ်ယူသုံးစွဲသူ အခွင့်အရေးနှင့် အကျိုးစီးပွားအဖွဲ့ “အာမခံထားသူများအသင်း” အမှုဆောင် ဒါရိုက်တာ Amy Bach က ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက FAIR စီမံကိန်းကို စတင်ဖော်ဆောင်ရာတွင် ၎င်းကို ယာယီဖြေရှင်းမှုနည်းလမ်းအဖြစ်သာ ဆောင်ရွက်ခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ အခြားရွေးချယ်စရာ မရှိခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်၌ နေထိုင်သူများက ယင်းအပေါ် ပို၍ မှီခိုလာကြသည်။ FAIR စီမံကိန်းအောက်တွင် လက်မှတ်ရေးထိုးထားသည့် နေအိမ်အာမခံစာရင်းမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်ကြား ကာလတွင် တစ်ဆကျော်တိုးလာပြီး ၄၅၂,၀၀၀ နီးပါးရှိခဲ့ပေသည်။

ယခုစိုးရိမ်ရသည်မှာ ဤတစ်ကြိမ်တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားသည့် နေအိမ်များဆုံးရှုံးမှုက FAIR စီမံကိန်းကြီး ပြိုလဲရလောက်အောင် ကြီးမားမည်လော ဆိုသည်ပင် ဖြစ်သည်။ အေပီသတင်းဌာန၏ မိတ်ဆက်ပြောကြားချက်များအရ ယင်းစီမံကိန်း၏ အဓိကရန်ပုံငွေအရင်းအမြစ်မှာ အာမခံထားသူမှ ပေးသွင်းသော အာမခံပရီမီယံကြေးများ ဖြစ်သော်လည်း အာမခံကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်မှုကို ထိန်းထားကူညီရန်နှင့် စီမံကိန်း ဒေဝါလီခံရချိန်တွင် အကြွေးများ ပြန်မဆပ်နိုင် ဖြစ်မည်ကို ကာကွယ်ရန် အာမခံကုမ္ပဏီကလည်း ရန်ပုံငွေ အတိုင်းအတာတစ်ခုအထိ ထည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ်က အသစ်ထုတ်ပြန်သည့် ဥပဒေသတ်မှတ်ချက်တစ်ခုတွင် စီမံကိန်း ဒေဝါလီခံရမှုကို ကယ်ဆယ်ကူညီခြင်းအတွက် လိုအပ်သော ရန်ပုံငွေစုဆောင်းရန် အာမခံပရီမီယံနှုန်းထားများကို ခွင့်ပြုရန် အာမခံကုမ္ပဏီက ပြည်နယ်အစိုးရကို တောင်းဆိုခွင့်ရှိသည်။

FAIR စီမံကိန်း ပြောရေးဆိုခွင့်ရှိသူ Hilary McLean က ဤအကြိမ် တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားသည့် ပစ္စည်းဥစ္စာဆုံးရှုံးမှုကို အတည်ပြုရန် နှစ်နှင့်ချီ အချိန်ယူရမည် ဖြစ်ကြောင်း၊ သို့သော် ဤစီမံကိန်းအနေဖြင့် ဧည့်သည်များကို “လျော်ကြေး” ပေးနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ FAIR လျော်ကြေးငွေပေးနိုင်စွမ်းအပေါ် သံသယဖြစ်နေသည့် အွန်လိုင်းပေါ်က ကောလာဟလများသည် ယုံကြည်၍မရကြောင်း ပြောကြားခဲ့သည်။

ယမန်နှစ် ကယ်လီဖိုးနီးယားလွှတ်တော်အစီရင်ခံစာအရ ယင်းစီမံကိန်း၏ လက်ထဲတွင် ငွေသား ကန်ဒေါ်လာ သန်း ၇၀၀ ခန့် နှင့် “ထပ်ဆောင်း အာမခံကြေး“ ကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိကြောင်း၊ ဆိုလိုသည်မှာ သာမန်အားဖြင့် ဧရာမလျော်ကြေးပေးရချိန်တွင် လျော်ကြေးရရှိအတွက် အာမခံကုမ္ပဏီကိုယ်၌ ရင်းနှီးမြှုပ်နှံထားမှုရှိကြောင်း သိရသည်။

စောင့်ကြပ်စီမံမှုများကို ဖြေလျှော့၍ အာမခံကြေးတိုးမြှင့်ထား

အာမခံထားသည့် ပစ္စည်းဥစ္စာများအနေဖြင့် ဆိုရသော် လော့စ်အိန်ဂျယ်လိစ်ဒေသတွင် ဤအကြိမ်တောမီးလောင်ကျွမ်းမှုကြောင့် ကန်ဒေါ်လာ ၈ ဘီလီယံကျော် ဆုံးရှုံးနိုင်ခြေရှိရာ ၎င်းမှာ ကယ်လီဖိုးနီးယားပြည်နယ် ၂၀၁၈ ခုနှစ် “Woolsey” တောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးခဲ့သည့် ကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို ကျော်လွန်ကြောင်း နိုင်ငံတကာအဆင့်သတ်မှတ်မှုဆိုင်ရာဌာန Morningstar DBRS ကုမ္ပဏီ လေ့လာသုံးသပ်သူများက ခန့်မှန်းတွက်ချက်ထားသည်။ JPMorgan Chase & Co. ၏ ဇန်နဝါရီ ၉ ရက် နောက်ဆုံး ခန့်မှန်းတွက်ချက်ထားသည့် ပျက်စီးဆုံးရှုံးမှုပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရှိပေသည်။

Moody’s Corporation ၏ လေ့လာသုံးသပ်သူက ဘေးဒဏ်သင့်ဒေသတွင် တန်ဖိုးမြင့် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းဌာနများ ရှိသည်ကို ထည့်သွင်းစဉ်းစားလျှင် ၎င်းအာမခံထားသည့် ပစ္စည်းဥစ္စာများ၏ ဆုံးရှုံးမှုများမှာ ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ သာမက ကန်ဒေါ်လာ ဘီလီယံ ဒါဇင်နှင့်ချီသည်အထိပင် ရှိနိုင်ကြောင်း၊ အာမခံကုမ္ပဏီ အချို့က “အန္တရာယ်မြင့်မားသော ဒေသများ” တွင် နေအိမ်အာမခံလုပ်ငန်းများကို ရပ်ဆိုင်းခြင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှိ အာမခံဈေးကွက်အပေါ် ကြီးမားကျယ်ပြန့်သည့် အနုတ်လက္ခဏာသက်ရောက်မှု ရှိခဲ့ရာ ၎င်း ပရီမီယံကြေး မြင့်တက်လာခြင်း၊ ပိုင်ဆိုင်မှု အာမခံထားနိုင်သည့် နည်းလမ်းများ ကျုံ့သွားခြင်းအပါအဝင်ကြောင်း ပြောကြားခဲ့သည်။
ယင်းပြည်နယ်ရှိ ကပ်ဘေးအန္တရာယ် စုပြုံဖြစ်ပွားသည့်ဒေသရှိ နေအိမ်များ “အာမခံရရန်ခက်ခဲ” သည့် ပြဿနာ ပြေလျော့ရေးအတွက် ကယ်လီဖိုးနီးယားပြည်နယ်သည် သက်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်၍ အာမခံကုမ္ပဏီများအပေါ် ကြီးကြပ်စီမံမှုအား ဖြေလျှော့ခဲ့သည်။ ဥပမာဆိုရသော် ယခုလတွင် အသက်ဝင်သည့် စည်းမျဉ်းသစ်တွင် အာမခံကုမ္ပဏီများ ပရီမီယံကြေးသတ်မှတ်ချိန်တွင် လက်ရှိ သို့မဟုတ် အနာဂတ် ရာသီဥတုပြောင်းလဲမှု အခြေအနေအန္တရာယ်အကြောင်းရင်းကို ထည့်သွင်းစဉ်းစားခွင့်ပြုခြင်း ဖြစ်သည်။

FAIR စီမံကိန်းအနေဖြင့် ငွေကြေးစီးဆင်းမှု မလုံလောက်သည့်အချိန်တွင် “ကပ်ဘေးဆိုင်ရာ ငွေချေးစာချုပ်” ထုတ်ဝေ၍ ရန်ပုံငွေစုဆောင်းခွင့်ပေးရန် အချို့ ပြည်နယ်လွှတ်တော်အမတ်များက အဆိုပြုချက်တစ်ရပ်ကို ဇန်နဝါရီ ၉ ရက်တွင် တင်သွင်းခဲ့ပေသည်။

နောက်ဆုံးစိစစ်မှုလုပ်ငန်းစဉ်သို့ ရောက်ရှိနေသော အခြား စည်းမျဉ်းသစ် တစ်ရပ်တွင် အာမခံကုမ္ပဏီက “ထပ်ဆောင်း အာမခံကြေး” ကို စားသုံးသူများတာဝန်ယူစေရန် ခွင့်ပြုမည် ဖြစ်သည်။ လက်ရှိတွင် ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်၏ တစ်ခုတည်းသော သက်ဆိုင်ရာကန့်သတ်ချက်များကို တံခါးမဖွင့်ထားသည့် ပြည်နယ်ဖြစ်သည်။

ဤအစီအမံများသည် အမှန်တကယ်ပင် အတိုင်းအတာတစ်ခုထိ အသုံးဝင်ပေသည်။ ကယ်လီဖိုးနီးယားပြည်နယ် ဒုတိယ အကြီးဆုံး အာမခံလုပ်ငန်းဖြစ်သည့် Farmers Insurance က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နေအိမ်အာမခံလုပ်ငန်းသစ်များကို ပြန်လည်ဆောင်ရွက်ခဲ့သည်။

သို့သော် ကယ်လီဖိုးနီးယားပြည်နယ်တွင် အာမခံလုပ်ကိုင်သူများအတွက်ဆိုလျှင် အနာဂတ်အခြေအနေက ဝမ်းမြောက်ဖွယ်နှင့် စိုးရိမ်ဖွယ် တစ်ဝက်စီ ရောယှက်လျက်ရှိပေသည်။

ThinkTank RAND Corporation ၏ စီးပွားရေးပညာရှင် Lloyd Dixon က “အာမခံလုပ်ငန်းတွေရဲ့ ကြိုတင်ခန့်မှန်းမှု နမူနာပုံစံက အန္တရာယ်မြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဖော်ပြတာနဲ့ သူတို့က ပရီမီယံကြေးကို တိုးတောင်းမယ်ဆိုတာ ခန့်မှန်းလို့ရတယ်” ဟု ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ် အာမခံ ကော်မရှင်နာ Ricardo Lara က ပရီမီယံကြေး သတ်မှတ်ချက်က ဥတုရာသီ ပြောင်းလဲမှု အကြောင်းရင်းကို ထည့်သွင်းစဉ်းစားခွင့်ပြုသည့် စည်းမျဉ်းသစ်က အာမခံကုမ္ပဏီတွေအနေဖြင့် တောမီးလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို တိကျစွာ သုံးသပ်ခန့်မှန်းရာ၌ အထောက်အကူပြုပြီး ထိုမှတစ်ဆင့် သင့်လျော်သည့်စရိတ်နှုန်းထားကို သတ်မှတ်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကယ်လီဖိုးနီးယား အစိုးရအနေဖြင့် ၁ နှစ်သက်တမ်းရှိသော တားမြစ်မိန့်ကို ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း၊ ယင်းမှာ မီးဘေးရိုက်ခတ်မှုရှိသည့်ဒေသများ၌ အာမခံကုမ္ပဏီများ လုပ်ငန်းရပ်ထားခြင်းကို တားမြစ်မည် ဖြစ်ကြောင်း သိရသည်။ “အာမခံကုမ္ပဏီတွေက ကယ်လီဖိုးနီးယားပြည်နယ်အပေါ် ထားရှိတဲ့ကတိကဝတ်တွေကို ကျွန်တော်တို့က အပြောနဲ့အလုပ်ညီအောင် အာမခံထားဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

#US #California #Wildfires #HomeInsurance #Crunch #အမေရိကန် #ကယ်လီဖိုးနီးယား #တောမီး #နေအိမ်အာမခံ #အကျပ်အတည်း
………………………….
(Chinese Version)
观天下·加州山火|加州山火“烧伤”美国房屋保险业
新华社北京1月11日电 从好莱坞山、太平洋海滨度假区到加州理工学院所在的文化名城帕萨迪纳……近来袭击美国加利福尼亚州南部洛杉矶县及周边地区的山火愈烧愈烈,上万座房屋、商店等建筑已经被毁,财产损失难以估量。
加州山火是每年“例常”,且破坏程度渐趋升级,冲击美国的保险业。因为火灾赔付风险过高,不少保险公司对加州房屋保险业务唯恐避之不及。
风险高 难获保
本周燃起的这波山火重灾区之一是位于太平洋海岸和圣莫尼卡山之间的高档社区帕西菲克帕利塞兹。这里房价高昂,不过已被加州政府列为加州南部5个山火风险最大地区之一。正因如此,它也是美国房屋保险覆盖率最低的地区之一。
据《旧金山纪事报》报道,美国“州农场保险公司”去年决定对加州7.2万座独栋房和公寓房停保,此举意味着它放弃了在帕西菲克帕利塞兹房屋保险市场近七成份额。
在美国,买房人购买房屋保险是常规操作,以保障房屋遭遇意外事故或灾害时得到赔偿,弥补财产损失。
加州是美国人口最多、房价最高的州,但野火、山洪、风暴等极端天气灾害多发。也正因此,近年来,不少大型保险公司取消了在加州的房屋保险业务。
不包括洛杉矶地区本周燃起的山火,加州历史上最具破坏性的20起野火中,大多数发生在2015年以后。
与之相对应的现象是,在加州“火灾高风险区”买房的业主越来越难获得和负担房屋保险。据美联社报道,2023年,在加州保险市场份额最大的12家大型保险公司中,有7家暂停或限制在加州签订新的房屋保险保单。
损失大 不够赔
在无法正常获取传统商业房屋保险情况下,业主们要么放弃购买保险,要么选择加入加州政府推出的“公平保险准入要求计划”(FAIR)。这是州政府给“无保险业主”提供的有限保险项目,但理赔范围仅限于最基本的财产损失,赔付金额上限为300万美元。许多业主仅仅为了房屋贷款通过审批而购买该保险,而就这波山火损毁的许多房产及其附带财物价值而言,FAIR赔付的金额可能难以补偿业主损失。
保险业消费者权益团体“投保人联合会”执行总监艾米·巴赫说,有些FAIR保单堪称“鸡肋”,因为仅赔付被烧毁财物折旧后的“实际现金价值”,而不是购买替换产品产生的全部费用。
加州政府最初推出FAIR项目,只是把它当作临时性解决方案,但事实是越来越多加州人依赖于它,因为别无选择。FAIR项目下签订的居住用房屋保单在2020年至2024年间翻了一番有余,已接近45.2万份。
现在的担心是,这波山火造成的房屋损失会不会大到拖垮整个FAIR项目?
按照美联社介绍,这一项目资金来源主要是投保人交的保险费,但保险公司也需投入一定资金,以协助维持运营并防止项目破产时无法偿债。加州一项新出台法律规定,保险公司可要求州政府批准保险费率,以筹集对项目实施破产救助时所需资金。
FAIR项目发言人希拉里·麦克莱恩说,确定这波山火所致财产损失可能需要花费数年时间,不过预估该项目应该“赔得起”客户,网上质疑FAIR赔付能力的谣言不可信。
按照去年向加州议会所做汇报,该项目约有7亿美元现金在手,以及25亿美元的“再保险”资金,即保险公司为自己所投保险,通常为了在面临巨额赔付时获得补偿。
松监管 保费涨
国际评级机构DBRS晨星公司分析师估算,就受保财产而言,洛杉矶地区这场山火可能造成逾80亿美元损失,超过加州2018年“伍尔西”山火造成的逾60亿美元损失。摩根大通9日更新的损失估算则高达200亿美元。
穆迪评级公司分析师说,考虑到灾区有众多高价值房屋与商业机构,其受保财产损失可达数十亿美元甚至上百亿美元,而数家保险公司停止在“高风险区”开展房屋保险业务可能会对加州整个保险市场产生广泛负面影响,包括保费上涨、财产保险获取渠道萎缩等。
为了缓解本州灾害风险集中地区房产“获保难”问题,过去一年中,加州通过修订多项相关法规放宽对保险公司的监管,比如一项本月生效的新规允许保险公司在设定保费时将当下或未来的气候变化风险因素考虑在内。
一些州议员9日提出一项议案,将允许FAIR项目在出现流动资金不足问题时发行“灾难债券”筹款。
另一项进入最后审批流程的新规将允许保险公司把“再保险”成本转嫁给消费者。目前,加州是美国唯一没有放开相关限制的州。
这类措施确实有一定作用。加州第二大保险商农民保险公司2024年12月恢复新签房屋保单的业务。
但是,对于加州业主来说,未来趋势可能喜忧参半。智库兰德公司的经济师劳埃德·迪克逊说:“一旦保险商的预测模型显示风险可能升高,可以预料到他们会要求提高保费。”
加州保险专员里卡多·拉拉8日说,允许保费制定参考气候变化因素的新规有助保险公司准确评估野火等灾害风险,从而制定合理费率。州政府同时准备出台一项有效期一年的禁令,禁止保险公司在受火灾影响地区停保。“保险公司对加州做出了承诺,我们会确保它们说到做到。”(沈敏)

图说1:1月9日,消防员在美国加利福尼亚州洛杉矶县东部的阿尔塔迪纳地区工作。新华社发(高楚灵摄)
图说2:1月7日,在美国加利福尼亚州南部洛杉矶县沿海社区帕西菲克帕利塞兹,野火吞噬房屋。新华社发(邱晨摄)
图说3:2024年12月10日,在美国加利福尼亚州洛杉矶县马利布的一座山丘上,消防人员参与扑灭野火。新华社发(邱晨摄)