North America
ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ
အော့တဝါ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက အာဏာရပါတီ လစ်ဘရယ်ပါတီ ခေါင်းဆောင်သစ်ရွေးချယ်ပြီးနောက် ၎င်းသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဟု ဇန်နဝါရီ ၆ ရက် နံနက်ခင်းတွင် ကြေညာခဲ့သည်။
ထရူးဒိုးက ထိုနေ့တွင် ဝန်ကြီးချုပ်အိမ်တော်အပြင်၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းသည် လစ်ဘရယ်ပါတီ ခေါင်းဆောင်သစ်ရွေးချယ်ပြီးသည်အထိ ဆက်လက်တာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကို မတ်လ ၂၄ ရက်အထိ ရပ်နားထားရန် ဘုရင်ခံချုပ် မေရီဆိုင်မွန်အား တောင်းဆိုပြီးဖြစ်ကြောင်း၊ လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ၎င်း၏နေရာဆက်ခံမည့် လစ်ဘရယ်ပါတီ ခေါင်းဆောင်အသစ် ရွေးချယ်တင်မြှောက်ရန် စည်းမျဉ်းများကို အတည်ပြုသွားမည် ဟုဆိုသည်။ (Xinhua)
————————-
(Chinese Version)
加拿大总理特鲁多宣布将辞职
新华社渥太华1月6日电 加拿大总理特鲁多6日宣布,他将在执政党自由党选出新领袖后辞去总理职务。
特鲁多当天在总理府外发表演讲时表示,他将留任总理一职,直至自由党选出新领袖。他已请求总督玛丽·西蒙将议会休会至3月24日。未来几周将明确接替他的自由党新领袖产生规则。(完)
图说:1月6日,加拿大总理特鲁多在渥太华向媒体发表讲话(视频截图)。新华社发(米克·格佐夫斯基摄)