North America
အမေရိကန်အထူးသံတမန် “မကြာမီ” ယူကရိန်းသို့ သွားရောက်မည်ဟု ထရမ့်ဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအစိုးရ ယူကရိန်းနှင့် ရုရှားရေးရာ အထူးသံတမန် Keith Kellogg သည် “မကြာမီ” ယူကရိန်းသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ယခုအပတ်အတွင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးနှင့် ဆွေးနွေးနိုင်ခြေရှိပြီး Keith Kellogg သည် “မကြာမီ” ယူကရိန်းသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဇယ်လန်းစကီးနှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့အနေဖြင့် “(ရုရှား-ယူကရိန်း ပဋိပက္ခ အပစ်ရပ်ရေး) သဘောတူညီချက်ကို အလွန်ပဲလိုချင်ကြတယ်”၊ “သဘောတူညီချက် ရဖို့လိုအပ်တယ်” ဟု ထရမ့်က ဆိုသည်။ အမေရိကန်အစိုးရအနေဖြင့် “အဖွဲ့လိုက်” ပုံစံဖြင့် ရုရှားနိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ထရမ့်က ၎င်းနှင့် ဇယ်လန်းစကီးဆွေးနွေးမှုသည် မည်သည့်ပုံစံဖြင့် လုပ်ဆောင်မည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသလို ၎င်းက ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးပြီးခြင်း ရှိမရှိလည်း အတည်ပြုရန် ငြင်းဆန်ကြောင်း သိရသည်။
ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၀ ရက်တွင် “ထရမ့်အဖွဲ့က အရေးပါလူပုဂ္ဂိုလ်အချို့” မြူးနစ်လုံခြုံရေးအစည်းအဝေး မကျင်းပမီ ယူကရိန်းသို့ ခရီးစဉ်လာရောက်မည်ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း မြူးနစ်လုံခြုံရေးအစည်းအဝေးကို တက်ရောက်ကာ အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။ ယူကရိန်းအဖွဲ့သည် “ထရမ့်နှင့်ဆွေးနွေးရန်နှင့်တွေ့ဆုံရန်” စီစဉ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဇယ်လန်းစကီးက ဆိုသည်။ (Xinhua)
…………………….
(Chinese Version)
特朗普称美特使将“很快”访问乌克兰
新华社华盛顿2月10日电(记者邓仙来)美国总统特朗普10日在白宫称,美政府乌克兰和俄罗斯问题特使基思·凯洛格将“很快”访问乌克兰。
特朗普当天在白宫椭圆形办公室对在场记者说,他本周有可能将与乌克兰总统泽连斯基对话,基思·凯洛格将“很快”访问乌克兰。特朗普还称,泽连斯基和俄罗斯总统普京“都想达成(俄乌冲突停火)协议”,“协议需要达成”。他还说,美政府正以“团队”形式与俄方沟通。
特朗普没有透露他与泽连斯基对话将以何种方式进行,也拒绝确认自己是否已直接与普京对话。
据乌克兰媒体报道,泽连斯基10日表示,“特朗普团队的一些重要人物”将于慕尼黑安全会议召开前访问乌克兰,他本人将出席慕尼黑安全会议并与美国副总统万斯会面。泽连斯基说,乌方团队正就“与特朗普对话和会面”作安排。(完)
图说:1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄