Connect with us

China

ကွေ့ကျိုးပြည်နယ် ရုန်ကျန်းခရိုင်တွင် ပန်းလယ်ကွင်းများကြား ဝတ်စားဆင်ယဉ်မှုများ ပြသ

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ရုန်ကျန်းခရိုင်ရှိ ချဲကျန်းဆည်တွင် ကျေးရွာသူများက တိုင်းရင်းသား ဝတ်စုံအပြည့် ဝတ်ဆင်၍ ပန်းလယ်ကွင်းများကြား ဖက်ရှင်ပြပွဲ၌ ပါဝင်ပြသနေသည်ကို မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုန်ကျန်း (ကွေ့ကျိုး)၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ချန်တုန်းနန် မြောင်လူမျိုးနှင့် တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရုန်ကျန်းခရိုင်ရှိ ချဲကျန်းဆည်တွင် “ကျေးရွာပြပွဲ၊ အနာဂတ်ပြပွဲ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားဝတ်စုံပြပွဲကို ပန်းလယ်ကွင်းများကြား၌ မတ် ၁၆ ရက်က ကျင်းပခဲ့သည်။ ဝတ်စုံပြပွဲတွင် ကျေးရွာဒေသခံများကို ဇာတ်ဆောင်များအဖြစ်၊ ပန်းလယ်ကွင်းများကို စင်မြင့်အဖြစ်ဖြင့် ချန်တုန်းနန်၏ အရောင်အသွေးစုံလင်သော တိုင်းရင်းသား ယဉ်ကျေးမှုကို ပြသခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ရုန်ကျန်းခရိုင်ရှိ ချဲကျန်းဆည်တွင် တိုင်းရင်းသား ဝတ်စုံအပြည့် ဝတ်ဆင်၍ ပန်းလယ်ကွင်းများကြား ဖက်ရှင်ပြပွဲ၌ ပါဝင်ပြသနေသော ကလေးငယ်တစ်ဦးအား မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
贵州榕江:花田间 秀盛装
新华社照片,榕江(贵州),2025年3月16日
当日,在贵州省黔东南苗族侗族自治州榕江县车江大坝,一场以“村秀·秀未来”为主题的民族服装秀在花田间举行。服装秀以村民为主角,以花田为舞台,展示黔东南多姿多彩的民族文化。
图说1,2:3月16日,在贵州省榕江县车江大坝,村民们穿着民族盛装参加花田走秀。新华社记者 杨文斌 摄
图说3:3月16日,在贵州省榕江县车江大坝,小朋友穿着民族盛装参加花田走秀。新华社记者 杨文斌 摄