Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဘုန်းမောက်အား ရှုံးနိမ့်ကာ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည့် အာဆင်နယ်

အောက်တိုဘာ ၁၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၈ ၏ ပွဲစဉ်တစ်ပွဲအဖြစ် အာဆင်နယ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်အသင်းဘက်တွင် အားထားရသည့် တောင်ပံတိုက်စစ်ကစားသမား ဘူကာယို ဆာကာ ဒဏ်ရာရရှိနေသည့်အတွက် ပါဝင်နိုင်ခြင်းမရှိသလို အဓိကနောက်ခံလူ ဝီလီယမ် ဆာလီဘာသည်လည်း ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းကြောင့် ပွဲချိန်မိနစ် ၃၀ တွင် ထုတ်ပယ်ခံခဲ့ရသည့်အတွက် အာဆင်နယ်အသင်းက တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။
နည်းပြ မစ်ကယ် အာတေတာ၏ အာဆင်နယ်အသင်းမှာ အဝေးကွင်း၌ ပွဲချိန် မိနစ် ၇၀ မတိုင်မီအထိ တောင့်ခံထားနိုင်ခဲ့သော်လည်း ဘုန်းမောက်အသင်း၏ ကွင်းလယ်ကစားသမား ရိုင်ယန် ခရစ္စတီးက ပွဲချိန် မိနစ် ၇၀ တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ဘုန်းမောက်ကစားသမား အီဗန်နီလ်ဆင်ကို ဆွဲလှဲခဲ့သည့်အတွက် ပွဲချိန် ၇၉ မိနစ်တွင် ရရှိခဲ့သော ပင်နယ်တီကို ဂျက်စတင် ကလွိုက်ဗက်က အပိုင်သွင်းယူကာ ဘုန်းမောက်အသင်းအတွက် အနိုင်သေချာစေခဲ့သည်။

ဘာပေ၊ ဗင်နီစီးယက်စ်တို့၏ သွင်းဂိုးများဖြင့် ဆယ်လ်တာဗီဂိုအား အနိုင်ရခဲ့သည့် ရီးရဲလ်မက်ဒရစ်
အောက်တိုဘာ ၁၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်-၁၀ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်အသင်းက အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရီးရဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေက ပွဲချိန် မိနစ် ၂၀ တွင် ဂိုးဧရိယာအပြင်ဘက်မှ အပြင်းကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၅၁ မိနစ်တွင် ‌ဝီလီယော့ ဆွက်ဘာ့ဂ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
ဆယ်လ်တာဗီဂိုအသင်းဘက်တွင် ပွဲပယ်ခံထားရသည့် အသင်းခေါင်းဆောင် အီယာဂို အက်စ်ပက်စ် ပါဝင်နိုင်ခြင်းမရှိသည့်အတွက် အသင်း၏ အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပြီး ပွဲကိုဦးဆောင်နိုင်မည့် အခွင့်အရေးအချို့ကိုလည်း အသုံးချနိုင်ခဲ့ခြင်းမရှိပေ။ ထို့နောက် ပွဲချိန် ၆၆ မိနစ်တွင် ရီးရဲလ်အသင်း၏ တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ဂျူနီယာက လူကာမိုဒရစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
စတုဂတ်အသင်းအား ဂိုးပြတ်အနိုင်ယူကာ ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ်
အောက်တိုဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၇ တွင် ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး ဟယ်ရီကိန်း၏ ဒုတိယပိုင်း ဟက်ထရစ်သွင်းဂိုးများဖြင့် စတုဂတ်အသင်းအား ၄-၀ ဂိုးပြတ် အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။ ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၅၇ မိနစ်၊ ၆၀ မိနစ်နှင့် ၈၀ မိနစ်တို့တွင် ဟယ်ရီကိန်းတစ်ဦးတည်းက သွင်းယူခဲ့ပြီး ပွဲချိန် ၈၉ မိနစ်တွင် ကင်စလေ ကိုမန်းက ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူခဲ့သည်။ ယခုအနိုင်ရလဒ်ကြောင့် ဘိုင်ယန်အသင်းက အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်နေပြီး စတုဂတ်အသင်းမှာမူ အဆင့်-၉ နေရာသို့ ကျဆင်းသွားသည်။
…..
AFC U17 အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်၌ တရုတ်အသင်းက ဘာရိန်းအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရ
AFC U17 အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်တစ်ပွဲအဖြစ် တရုတ်အသင်းနှင့် ဘာရိန်းအသင်းတို့ အောက်တိုဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဖွင့်မျက်နှာပန်းလှခဲ့သည်။
ဘာရိန်းအသင်းက တရုတ်အသင်း၏ တရစပ် ဖိအားပေးတိုက်စစ်ဆင်မှုအောက်တွင် ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန်တစ်လျှောက်လုံးတွင် ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးများကို ဖန်တီးနိုင်ခဲ့ခြင်းမရှိပေ။ တရုတ်အသင်းအနေဖြင့် အောက်တိုဘာ ၂၃ ရက်တွင် နောက်ထပ် အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဘူတန်အသင်းယှဉ်ပြိုင်ရမည်ဖြစ်ကာ ထို့နောက် မော်လ်ဒိုက်၊ တောင်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)
#PremierLeague #SpainLaLiga #Bundesliga # AFC-U17-AsianCupQualifying #ပရီးမီးယားလိဂ် #စပိန်လာလီဂါ #ဘွန်ဒက်စ်လီဂါ #AFC-U17အာရှဖလားခြေစစ်ပွဲ
…..
(English Version)
Arsenal miss chance to go top as Aston Villa win again and Saints let it slip
‌Arsenal missed the chance to go to the top of the Premier League on Saturday evening when they were beaten 2-0 away to Bournemouth. Arsenal were without the injured Bukayo Saka and were down to 10 men after 30 minutes when William Saliba was sent off for a professional foul after a poor back-pass from Leandro Trossard.
Mikel Arteta’s men held on until the 70th minute when Ryan Christe put Bournemouth ahead following a corner and Justin Kluivert assured the win from the penalty spot in the 79th minute after David Raya had brought down Evanilson.
…..
Mbappe and Vinicius on target for Real Madrid
Kylian Mbappe and Vinicius Jr both scored as Real Madrid won 2-1 away to Celta Vigo on Saturday night in La Liga. Mbappe opened the scoring after 20 minutes with a powerful shot from outside the area as his side had the better of the first half, but Williot Swedberg took advantage of a ball from Oscar Mingueza six minutes after the break.
Celta missed the incisive play of suspended captain Iago Aspas and his side missed his finishing skills as they missed several chances to take the lead, but instead, it was Madrid who found the winning goal when Vinicius latched onto a Luka Modric pass to score the winning goal.
…..
Bayern beat Stuttgart to defend top spot in Bundesliga
Bayern Munich remain top of the table after Harry Kane’s second-half hat-trick paved the way for a 4-0 win over Stuttgart in the seventh round of the Bundesliga season on Saturday. The result keeps Bayern at the top of the table, while Stuttgart drop to 9th.

China kick off U17 Asian Cup qualifiers with win over Bahrain
China got off to a promising start in their AFC U17 Asian Cup qualifying campaign with a 2-0 win over Bahrain in Group C on Saturday.
Bahrain struggled under the relentless attack from China, failing to create any convincing chance throughout the game. China take on Bhutan in their next group game on Wednesday, before facing the Maldives and South Korea.
…..

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.