Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အာဂျင်တီးနားအသင်း ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်
နိုင်ငံတကာပွဲစဉ် ၁၉၂ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က လတ်တလော ထုတ်ပြန်လိုက်သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၅ သင်းတွင် အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်၊ အင်္ဂလန်နှင့် ဘရာဇီးအသင်းတို့က မူလအတိုင်း ဆက်လက်ရပ်တည်နေသည်။
ပေါ်တူဂီနှင့် နယ်သာလန်အသင်းတို့က အဆင့်တစ်ဆင့်စီတက်ကာ အဆင့်-၆ နှင့် အဆင့်-၇ သို့ အသီးသီး ရောက်ရှိလာပြီး ဘယ်လ်ဂျီယံအသင်းမှာ အဆင့်-၈ သို့ ကျဆင်းသွားကာ အီတလီအသင်းမှာမူ အဆင့်-၉ ၌ ဆက်လက်ရပ်တည်နေသည်။ ထို့ပြင် ဂျာမနီအသင်းမှာ ထိပ်ဆုံး ၁၀ သင်းထဲတွင် ပြန်လည်ပါဝင်လာသော်လည်း ကိုလံဘီယာအသင်းမှာ အဆင့်နှစ်ဆင့်ကျကာ အဆင့်-၁၂ သို့ ရောက်ရှိသွားပြီး နိုင်ဂျာအသင်းမှာမူ အဆင့်ကိုးဆင့်အထိ တက်လာကာ ကမ္ဘာ့အဆင့်-၁၂၂ သို့ ရောက်ရှိလာခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ်ကစားသမား ကာမာဗင်ဂါ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ် အနားယူရမည်
နိုဝင်ဘာ ၂၇ ရက် ညပိုင်းက လီဗာပူးလ်အသင်းအား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား အက်ဒွါဒို ကာမာဗင်ဂါမှာ ဘယ်ဘက်တံကောက်ကြော ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာပြဿနာ ဖိစီးနေသည့် ရီးရဲလ်အသင်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ဒူးဒဏ်ရာကြောင့် ယခုဘောလုံးရာသီ အစောပိုင်း သီတင်းပတ်များတွင် မပါဝင်နိုင်ခဲ့သည့် ပြင်သစ်လက်ရွေးစင် ကာမာဗင်ဂါသည် လီဗာပူးလ်အသင်းနှင့် ပွဲစဉ်အတွင်း ပွဲချိန် ၅၅ မိနစ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
…..
— စတုဂတ်အသင်းက အားကစား၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၌ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား အခိုင်အမာတည်ဆောက်
ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတစ်သင်းဖြစ်သည့် VfB Stuttgart (စတုဂတ်အသင်း) က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်ခိုင်မာမာရှိစေရန် လုပ်ဆောင်လျက်ရှိကြောင်း အသင်းဘုတ်အဖွဲ့ဝင်၊ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်းပိုင်းဆိုင်ရာ အရာရှိချုပ် ရူဗန် ကက်စပါက မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့အတူ နိုင်ငံတကာဆက်ဆံရေးနဲ့ စီးပွားရေးနယ်ပယ်ဟာ အလွန့်အလွန် အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်လာပါပြီ။ ကလပ်အသင်းရဲ့ လုပ်ဆောင်ချက်တွေက ဒေသတွင်းဗဟိုချက်တစ်ခုကို ကျော်လွန်နေပါတယ်။ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ A အဆင့် ဈေးကွက်ဖြစ်ပါတယ်” ဟု အသက် ၄၂ နှစ်အရွယ် ကက်စပါက ဆိုသည်။
…..
— ကမ္ဘာ့အဆင့်-၂ တင်းနစ်မယ် ဆဝိုင်ယာတက်ခ် တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် တစ်လပိတ်ပင်ခံရ
ဂရင်းစလင်းချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် ကမ္ဘာ့အဆင့်-၂ ပိုလန်တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်သည် တားမြစ်ဆေးကျရှုံးပြီးနောက် ပြိုင်ပွဲဝင်ခွင့် တစ်လပိတ်ပင်ခံရသည့် ပြစ်ဒဏ်အား လက်ခံလိုက်ပြီဖြစ်ကြောင်း International Tennis Integrity Agency (ITIA) က နိုဝင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။
စင်စင်နတီအိုးပင်းပြိုင်ပွဲ မတိုင်မီ၊ ဩဂုတ် ၁၂ ရက်က ဆေးစစ်ရာတွင် ဆဝိုင်ယာတက်ခ်အနေဖြင့် တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ ထရိုင်မက်တဇီဒင်း (TMZ) ပမာဏအနည်းငယ်အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………
(English Version)
Argentina stays atop latest FIFA men’s world rankings
The top five teams – Argentina, France, Spain, England and Brazil – remained in their positions in the latest FIFA men’s world rankings on Thursday after 192 matches had been played in the latest international window.
Portugal (sixth) and the Netherlands (seventh) moved one spot up each at the expense of Belgium, which fell to eighth, while Italy remained ninth. Germany returned to the top 10, while Colombia dropped two spots down to 12th. Niger had the biggest move by ranks, up nine spots to 122nd.
…..
Hamstring injury to sideline Real Madrid’s Camavinga for at least three weeks
Real Madrid has suffered another injury setback with the news that Eduardo Camavinga tore his left hamstring during a 2-0 Champions League defeat to Liverpool on Wednesday night.
The French international, who missed the opening weeks of the season with a knee injury, went down in the 55th minute of the game with his hand on the back of his left leg.
…..
VfB Stuttgart strengthening ties with China in sporting, economic and cultural sectors
Bundesliga side VfB Stuttgart is strengthening its ties with China, according to Rouven Kasper, the club’s board member and chief marketing and sales officer, in a recent interview with Xinhua.
“Together with our partners, international ties and business have become an overwhelmingly important issue. The club’s actions go beyond the one of a regional hub. China is our market A,” the 42-year-old said.
…..
Swiatek given one-month ban for doping offence
Five-time Grand Slam champion Iga Swiatek accepted a one-month suspension after testing positive for a prohibited substance, the International Tennis Integrity Agency (ITIA) announced on Thursday.
The banned substance was detected in a sample collected from Swiatek on August 12, ahead of the Cincinnati tournament. The out-of-competition test showed trace amounts of trimetazidine (TMZ).

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.