Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွင် တာဝန်ထမ်းဆောင်ရခြင်းကို ဂုဏ်ယူလျက်ရှိသည့် တရုတ်နိုင်ငံသား ရထားမောင်းနှင်သူ

အင်ဒိုနီးရှားနိုင်ငံ ဘန်‌ဒေါင်းမြို့ရှိ Tegalluar Summarecon ဘူတာရုံ၏ ရထားစင်္ကြံရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေသည့် ကျန်းယွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အသက် ၃၄ နှစ်အရွယ် ကျန်းယွဲ့သည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) တွင် တာဝန်ထမ်းဆောင်နေသည့် ရထားမောင်းနှင်သူတစ်ဦးဖြစ်သည်။ ၎င်းသည် လျှပ်စစ်စနစ်များ၏ ဘေးကင်းစိတ်ချရမှုကို စစ်ဆေးခြင်း၊ ရထားစမ်းသပ်ခုတ်မောင်းခြင်းနှင့် မြန်နှုန်းမြင့်ရထားလမ်းပိုင်း ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်းများအတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ၌ အလားတူအမျိုးအစားများအနက် ပထမဆုံးဖြစ်သည့် မြန်နှုန်းမြင့်ရထားလမ်းစနစ်သည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းဖြင့် ခုတ်မောင်းနိုင်သော ဒီဇိုင်းမော်ဒယ်ဖြစ်ကာ ဂျကာတာမြို့ရှိ ဟာလင်ဘူတာရုံနှင့် အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဘန်ဒေါင်းမြို့ရှိ တီဂါလူအာဘူတာရုံကို ချိတ်ဆက်ထားခြင်းဖြစ်ကာ ယခင်က အဆိုပါ မြို့နှစ်မြို့အကြား ကူးသန်းသွားလာချိန် ၃ နာရီကျော် ကြာမြင့်ခဲ့ရာမှ မိနစ် ၄၀ ဝန်းကျင်သာ ကြာမြင့်တော့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ရှိစဉ်က ကျန်းသည် ပေကျင်း-ထျန်းကျင်း မြို့ပတ်ရထားလမ်းနှင့် ပတ်သက်၍ သင်တန်းပို့ချမှုများကို တက်ရောက်ခဲ့သော်လည်း နိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းမှာ တစ်နာရီလျှင် အမြင့်ဆုံးအမြန်နှုန်း ကီလိုမီတာ ၃၅၀ ရှိသည်။

“တရုတ်နိုင်ငံမှာ ရထားခုတ်မောင်းတဲ့အမြန်နှုန်း မြင့်မားလာတာကို ကျွန်တော် ကြုံတွေ့ခဲ့ပါတယ်။ မြန်နှုန်းမြင့်ရထား မောင်းနှင်သူတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းမှာ အလုပ်လုပ်ရဖို့ အထူးအခွင့်အရေးကြီးကို ထပ်ပြီးရခဲ့ပါတယ်။ ကျွန်တော် ဒီမှာအလုပ်လုပ်ရတာကို ဂုဏ်ယူပါတယ်” ဟု ၎င်းက ဆိုသည်။

ကျန်းသည် အင်ဒိုနီးရှားနိုင်ငံရောက် ပြည်ပနိုင်ငံသားတစ်ဦးအဖြစ် သိသိသာသာ ကွဲပြားခြားနားသော လူနေမှုဘဝကို ဖြတ်သန်းလျက်ရှိသည်။ ၎င်းသည် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတုနှင့် အစားအသောက် စသည်တို့တွင် နေ့စဉ်နှင့်အမျှ အံ့ဩထူးခြားမှုများနှင့် ကြုံတွေ့ရလျက်ရှိသော်လည်း ဒေသခံ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဖေးမကူညီမှုများကြောင့် ယင်းဒေသ၏ ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း အသားကျလာခဲ့ကာ အခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့သည်။

“အခုဆိုရင် မြန်နှုန်းမြင့်ရထားလမ်းစနစ်ဟာ ချောချောမွေ့မွေ့ လည်ပတ်လျက်ရှိပြီး ဒီရထားလမ်းစနစ်ကို လည်ပတ်အသုံးပြုနေတာဟာ တစ်နှစ်ပြည့်ပါတော့မယ်။ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ မြန်နှုန်းမြင့်ရထားလမ်းတွေရဲ့ ဂုဏ်သတင်းဟာ ဒီထက်ပိုမိုကျော်ကြားလာပြီး တစ်ကမ္ဘာလုံးမှာ ဆက်လက်ဂုဏ်သတင်းမွှေးပျံ့နေမယ်လို့ မျှော်လင့်ပါတယ်” ဟု ကျန်းက ပြောကြားခဲ့သည်။ (Xinhua)
———————–

Train driver proud of service on Jakarta-Bandung high-speed railway
Zhang Yue, 34, is a train driver for the Jakarta-Bandung high-speed railway (HSR). He came to Indonesia in February 2023 for joint debugging, trial operation, and talent training of the HSR.

The HSR, the first of its kind in Southeast Asia, boasts a design speed of 350 kilometers per hour, and connects Halim station in Jakarta to Tegalluar station in Indonesia’s fourth largest city Bandung of West Java province, cutting the travel time between the two cities from over three hours to around 40 minutes.

While in China, Zhang had received trainings on the Beijing-Tianjin Intercity Railway, the country’s first high-speed railway with a maximum speed of 350 kilometers per hour. “I have witnessed the increasing speed of train operations in China,” Zhang said. “As a high-speed train driver, I further have the privilege to work on the Chinese-built Jakarta-Bandung HSR. I am proud of my work here.”

Zhang lives a significantly different life as an expatriate in Indonesia. He faces daily shocks in language, culture, climate, and even the diet. However, through cooperation with and help from his local colleagues, he gradually adapts to the local environment and overcomes many of the obstacles.

“The HSR works smoothly now, and is approaching its first anniversary of operation. I hope the reputation of Chinese-built high-speed railways will become even more prominent and continue to expand globally,” Zhang said. (Xinhua/Xu Qin)
English Caption
Zhang Yue poses for photos in front of a high-speed train on the platform of Tegalluar Summarecon Station in Bandung, Indonesia, Sept. 12, 2024.

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.