Connect with us

Local

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတချို့ နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တချို့ အတွက် နိုင်ငံပိုင် သတင်းစာ တွင် ကြော်ငြာနှုန်းထား လျှော့ချမည်

မြန်မာနိုင်ငံပိုင် သတင်းစာများ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာမှု အရလည်းကောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား မြှင့်တင်ပေးနိုင်ရန် အတွက် လည်းကောင်း နိုင်ငံပိုင် သတင်းစာ နှစ်စောင်ဖြစ်သည့် ကြေးမုံ နှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ကြော်ငြာ ထည့်သွင်းခ နှုန်းထားများအား လျှော့ချ ဝန်ဆောင်မှု ပေးမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် သတင်းထုတ်ပြန်သည်။

၎င်းကြော်ငြာနှုန်းထား လျှော့ချမှုအား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဟု သိရသည်။ နိုင်ငံခြားကုန်ပစ္စည်း အမှတ်တံဆိပ်ကြော်ငြာ နှင့် မူပိုင်ခွင့်ကြော်ငြာ၊ ပြည်တွင်း လေကြောင်းလိုင်း၊ နိုင်ငံသားပိုင် ဟိုတယ်၊ နိုင်ငံခြား ခရီးသွားကြော်ငြာများကို ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ကြော်ငြာနှုန်းထားများ ဈေးနှုန်းလျှော့ချပြီး ကောက်ခံသွားမသည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လျှော့ချမည့် ကြော်ငြာနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ် ကြော်ငြာအမျိုးအစား ရောင်စုံကြော်ငြာ အဖြူ/အမည်း
လက်ရှိနှုန်းထား
၁”x၁ ကော်လံ
လျှော့ချမည့်နှုန်းထား
၁”x၁ ကော်လံ
လက်ရှိနှုန်းထား
၁”x၁ ကော်လံ
လျှော့ချမည့်နှုန်းထား
၁”x၁ ကော်လံ
နိုင်ငံခြား ကုန်ပစ္စည်းကြော်ငြာ
ပြည်ပလေကြောင်းလိုင်းကြော်ငြာ
ပြည်ပ ဟိုတယ်ကြော်ငြာ
USD 50 ၃၀,၀၀၀/ိ USD 50 ၃၀,၀၀၀/ိ
ကုန်အမှတ်တံဆိပ်/မူပိုင်ခွင့်နှင့်
ပက်သက်သောကြော်ငြာ
USD 100 ၅၀,၀၀၀/ိ USD 100 ၅၀,၀၀၀/ိ
ပြည်တွင်းလေကြောင်းလိုင်း၊
နိုင်ငံသားပိုင် ဟိုတယ်၊
နိုင်ငံခြားခရီးသွားကြော်ငြာများ
၂၀,၀၀၀/ိ ၁၅,၀၀၀/ိ ၁၇,၀၀၀/ိ ၁၃,၀၀၀/ိ

Xinhua