Connect with us

Local

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်းတန်ချိန် ငါးသိန်းကျော်တင်ပို့နိုင်

ရေထွက်ပစ္စည်းစက်ရုံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မကုန်မီ မတ် ၁၁ ရက်အထိ ပြည်ပ နိုင်ငံများသို့ ရေထွက် ပစ္စည်းတင်ပို့နိုင်ခဲ့မှုမှာ ၅၂၂,၃ဝဝ . ၂၆၁ တန် ဖြစ်ခဲ့ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ သန်း ပေါင်း ၆၆၂.၉၇၃ ရရှိကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇ဝဝ ရရှိနိုင်မည်ဟု ခန့်မှန်းပြီး နှစ်ပေါင်း ၂ဝ အတွင်း ရေထွက်ပစ္စည်းတင်ပို့နိုင်မှု အများဆုံးတန်ချိန်နှင့် တန်ဖိုးဖြစ် လာ မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ ရေထွက် ပစ္စည်းများ တင်ပို့ဆောင်ရွက်ခဲ့ရာတွင် စာရင်းမှတ်တမ်းများ အရ ၁၉၉၇-၁၉၉၈ ဘဏ္ဍာရေးနှစ်တွင် တင်ပို့သည့်တန်ချိန် ၇၄၁၇၉ ဒသမ ၉ မက်ထရစ်တန်မှ အမေရိကန်ဒေါ်လာ သန်း ပေါင်း ၁၆၇ ဒသမ ဝ၉ ရရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ချိန်အားဖြင့် ၃၈၆,၉၈၁ ဒသမ ၃၂၄ မက်ထရစ် တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၃ ဒသမ ၈၅ ရှိခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန သည် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများသို့ ထုတ်လုပ်တင်ပို့ရောင်းချ နိုင်ရေးအတွက် သက်ဆိုင်ရာ ကုန်ပစ္စည်း ဝယ်ယူသည့် နိုင်ငံများ၏ လိုအပ်ချက်၊ ပြဋ္ဌာန်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကာလဖြစ်သည့် ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းတင်ပို့သည့် နိုင်ငံပေါင်း ၃ဝ ခန့်သာရှိခဲ့ပြီး ယခုအခါ အီးယူနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄ဝ ကျော်သို့ တိုးချဲ့ တင်ပို့လျက် ရှိကြောင်း သိရသည်။

ဈေးကွက်ကျယ်ပြန့်ပြီး ဈေးနှုန်းပိုမိုရရှိသော အီးယူဈေးကွက်သို့ မြန်မာနိုင်ငံမှ မွေးမြူရေးရေထွက်ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ်မှ စ၍ မွေးမြူရေး ငါးများတွင် ဓာတုဓာတ်ကြွင်းများ ကင်းစင်စေရန် ငါးများအား နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်ပေးပြီး အီးယူ၏ ကျန်းမာရေးနှင့် အစား အသောက် ဘေးကင်းလုံခြုံမှုဌာနသို့ ဆောင်ရွက် မည့် အစီအမံများနှင့် တိုးတက်မှု များအား နှစ်စဉ်ပေးပို့ဆောင်

ရွက်လျက်ရှိကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ပစ္စည်းတင်ပို့နေသော ပုဂ္ဂလိက လုပ်ငန်းရှင် များ၊ ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံလုပ်ငန်းရှင်များ၊ ငါး/ပုစွန် မွေးမြူရေး လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.