Connect with us

Local

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ယနေ့ တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

ရန်ကုန်မြို့ရှိ အဆောက်အအုံများ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု ခဲ့သည်။ ဤ စီမံကိန်းကို ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်ကို အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အတည်ပြုရာတွင် လျှို့ဝှက်စွာ မဲခွဲဆုံးဖြတ်သည့် စနစ်ကို ကျင့်သုံးခဲ့ပြီး မဲပေးသည့် ကိုယ်စားလှယ် ၁၁၆ ဦးရှိကာ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ထောက်ခံမဲ ၁၁၃ မဲ ၊ ကန့်ကွက်မဲ ၂ မဲ နှင့် ပယ်မဲ ၁ မဲ ရရှိခဲ့ပြီး ထောက်ခံသူများသည့် အတွက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မဟာရန်ကုန် မြို့ပြဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀) မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုပါဝင်ပြီး ပထမဦးစားပေး အဆင့် အနေဖြင့် ရန်ကုန် အရှေ့ပိုင်းမြို့သစ်၊ ဒုတိယ ဦးစားပေးအဆင့် အနောက်တောင်ပိုင်း မြို့သစ်၊ တတိယ ဦးစားပေး အဆင့် သန်လျင်မြို့သစ်၊ စတုတ္ထဦးစားပေး အဆင့် ဒလမြို့သစ်၊ ပဉ္စမအဆင့် ထန်းတပင်မြို့သစ်၊ ဆဌမအဆင့် မှော်ဘီမြို့သစ်၊ သတ္တမအဆင့် လှည်းကူးမြို့သစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဟု မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် တင်ပြခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) အား ဇွန်လ ၁၉ ရက်နေ့တွင် မဲခွဲ ဆုံးဖြတ်နေစဉ် (ဆင်ဟွာ)

၎င်းမြို့သစ် စီမံကိန်းတွေမှာ ပါဝင်မယ့် မြို့သစ်များတွင် လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မည့် မြေ ဧက ၁၁၈,၇၃၂ ပါရှိပြီး ၈,၁၇၇.၅၁ ကျပ်ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း ဆိုပါတယ်။ မြို့သစ် စီမံကိန်းလုပ်မည့် မြို့နယ် ၇ မြို့နယ်ပေါ်မူတည်၍ စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ မင်းဓမ္မဗဟို စီးပွားရေးဇုန်နဲ့ ၊ စီးပွားရေး ဇုန်တွေကို ဒဂုန်မြို့သစ် တောင်မြောက်လမ်းဆုံ၊ ဒဂုံဆိပ်ကမ်း နှင့် သီလဝါကျောက်တန်း ကြားဒေသများကို လျာထားခဲ့ကြောင်း၊ ဒုတိယ ဗဟို စီးပွါးရေး ဇုန်ကို သီးခြားတည်ဆောက်ပြီး ကျန်စီးပွါးရေး ဗဟိုခွဲတွေကို ပေါင်းစပ်ပြီး ကျစ်လှစ်တဲ့ မြို့ ပြပုံအား ဆွဲခဲ့တာဖြစ်ပြီး စီမံကိန်းတိုးချဲ့ရေး အတွက် နှစ်တို နှစ်ရှည် စီမံကိန်းများ ချမှတ်ထားကြောင်း ပြောသည်။

ရေပေးဝေမှု စနစ်အားဖြင့် ရေဂါလံ ၂၀၈ သန်း ထုတ်ယူနိုင်မှာ ဖြစ်ပြီး၊ ဒလ ၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တဖက်ကမ်းမြို့နယ်တွေနဲ့ သီလဝါ ဆိပ်ကမ်းကို ရေပေးဝေနိုင်မှာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.