Connect with us

Local

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း အမေရိကန် ဒေါ်လာ ၄၇၄သန်းကျော် ကုန်သွယ်နိုင်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ သြဂုတ်လအတွင်း အမေရိကန် ဒေါ်လာ ၄၇၄ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။

သြဂုတ်လ အတွက် ကုန်သွယ်မှု ပမာဏ လျာထားချက်မှာ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ဖြစ်သဖြင့် လျာထားချက် အပေါ် ဆောင်ရွက် နိုင်မှုမှာ ၉၄ ဒသမ ၉၆ ရာခိုင်နှုန်း အထိ ရရှိခဲ့သည်။

အဆိုပါ မူဆယ် (၁ဝ၅) မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းတွင် သြဂုတ်လ အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၃၂၈ ဒသမ၂၄ဝ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၁၄၆ ဒသမ ၅၈၄ သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၄၇၄ ဒသမ ၈၂၄ သန်း ဆောင်ရွက် နိုင်ခဲ့သည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ (နေပြည်တော်)မှ ရောင်းချသည့် ကျောက်စိမ်း အရိုင်းများ တင်ပို့ခြင်းနှင့် အတူ ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာ၊ ပဲမျိုးစုံ၊ ငါးရှဉ့်၊ ကဏန်း၊ ကျောက် မျက် အချောထည်နှင့် စက်သုံးဆီ အစရှိသည့် ကုန်ပစ္စည်းများ ပိုမို တင်ပို့ နိုင်ခဲ့သဖြင့် အနီးစပ် ဆုံး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန် ဒေါ်လာ ၃ဝ ဒသမ ၈၄၃ သန်းနှင့် သွင်းကုန်တွင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၄ဝသန်း ပိုမို ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။

သွင်းကုန် တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှု တွင် အမေရိကန် ဒေါ်လာ ၉၈ ဒသမ ဝဝ၉ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းတွင် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၄၈၂ သန်း၊ လူသုံးကုန် ပစ္စည်းတွင် ၂၄ ဒသမ ဝ၉၃ သန်း စုစုပေါင်း သွင်း ကုန် အမေရိကန် ဒေါ်လာ ၁၄၆ ဒသမ ၅၈၄ သန်းရှိရာ အနီးစပ်ဆုံး ဇူလိုင်လထက် အမေရိ ကန် ဒေါ်လာ ၁၃ ဒသမ ၂၉၆ သန်း လျော့နည်း ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.