Connect with us

Local

ရန်ကုန် လျှပ်စစ်ဓာတ်အား အသုံးပြုခအား အများပြည်သူ ဝယ်သုံးနိုင်မည့် ရောင်းသူဝယ်သူ အသံ တူသည့် ဈေးနှုန်းဖြင့် ရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၄ ရက်(ဆင်ဟွာ)

လျှပ်စစ်အသုံးပြုခကို အများပြည်သူ ဝယ်သုံးနိုင်မည့် ရောင်းသူဝယ်သူအသံတူသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချ သွားရန် “ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်” တွင် အစိုးရတာဝန်ရှိသူများရော ပုဂ္ဂလိက လုပ်ငန်းရှင်များပါ တစ်ညီတစ်ညွတ်တည်း ထောက်ခံ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကုန်သည်စက်မှုအသင်းချုပ်မှ ပူးပေါင်း ပါဝင်လျက် ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan တစ်ရပ် ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်အား မတ် ၃ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်သူ့ဘဏ္ဍာမှ စိုက်ထုတ်နေရခြင်း အခြေအနေနှင့် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေမရှိသည့် အခြေအနေတို့ကို ဖြေရှင်းရန်မှာ ရန်ကုန်တိုင်းလျှပ်စစ်ဓါတ်အားအသုံးပြုခကို မြှင့်တင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။လျှပ်စစ်ခနှင့်ပတ်သက်၍ ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။နိုင်ငံတော် အစိုးရ နှစ်စဉ် ၄၇၀ ဘီလီယံကျပ် အရှုံးပေါ်နေသည့် အခြေအနေမှ ဆွဲတင်နိုင်ရန် ရန်ကုန်တိုင်း အတွင်း လျှပ်စစ်ဓါတ်အား အသုံးပြုခ ဈေးနှုန်းများ မြှင့်တင်ရန် အရေးတကြီး လိုအပ်နေပြီး၊ မြန်မာ့ ဖွံ့ဖြိုး တိုးတက်မှုကို မောင်းနှင်နိုင်ရန် သာမက လျှပ်စစ်မီးမရရှိသည့် ၆၅ ရာခိုင်နှုန်းသော အိမ်ထောင်စုများထံသို့ မီးသွယ်တန်းပေးနိုင်ရန် လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ အထူးလိုအပ်နေကြောင်း သိရသည်။

လျှပ်စစ်ထုတ်လုပ်ရေးတွင်သာမက သွယ်တန်းမှုနှင့် ဖြန့်ဖြူးမှုအပိုင်းများတွင် ပြင်ဆင်ရန်နှင့် အဆင့် မြှင့်တင် တိုးချဲ့နိုင်ရန် လိုအပ် နေပြီး နှစ်တိုင်း အနည်းဆုံး ၅၀၀ မီဂါဝပ် ဓါတ်အားပေးစက်ရုံတစ်ရုံ တိုးချဲ့ ဆောက်လုပ်နိုင်မှ လိုအပ်ချက်ကို ၂၀၃၀ ခုနှစ်တွင် ကာမိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖိုရမ်တွင် ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်wGif ဆွေးနွေးချက်များအနက် အဓိကအားဖြင့် လက်ရှိအခြေအနေနှင့် ဆီလျော်ခြင်းမရှိသော လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေး၊ ရန်ကုန်တိုင်းလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အား စွမ်းဆောင်ရည်မြင့်သည့် ကော်ပိုရိတ်လုပ်ငန်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတကာစံချိန်မှီသည့် Power Purchase Agreement ဆိုင်ရာ တိကျသည့် မူဝါဒများ ချမှတ်ကာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စသည်တို့ိကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံ တစ်ဝန်းလုံးနှင့် စုစုပေါင်း ထုတ်လုပ် လျှပ်စစ်၏ ၅၀ ရာခိုင်နှုန်းကျော်အသုံးပြုနေသည့် ရန်ကုန်တိုင်း ဒေသကြီးအတွက် အကောင်းဆုံးဖြစ်မည့် ရေအားလျှပ်စစ်၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီသွေးနှင့် အခြား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ အချိုးကျအသုံးပြု စွမ်းအင်ထုတ်လုပ်မှု စနစ် (Power Generation Mix) တစ်ရပ် ချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည့် Action Plan တစ်ရပ် ချမှတ်ဖော်ဆောင်ခြင်းကို ဖိုရမ်၏ ရှေ့ဆက် လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)