Connect with us

Local

မြန်မာ့ရွှေဈေးက တစ်ကျပ်သား ကိုကျပ် ၁,၂၁၈,၅၀၀ မှ ကျပ် ၁,၂၀၅,၀၀၀ အထိ ၃ ရက် အတွင်း တစ်ကျပ်သားကိုကျပ် ၁၃,၅၀၀ ဈေးကျ

ရွှေဈေးကွက် အတွင်းရှိ ရွှေထည်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးက တစ်ကျပ်သား ကိုကျပ် ၁,၂၁၈,၅၀၀ မှ ကျပ် ၁,၂၀၅,၀၀၀ အထိ ၃ ရက် အတွင်း တစ်ကျပ်သားကိုကျပ် ၁၃,၅၀၀ ဈေးကျခဲ့သည်။

၂၉လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ရှင် ကိုမျိုးကျော်ကျော်က “မြန်မာ့ဈေးကွက်မှာဒေါ်လာဈေးကျတာနဲ့လည်းဆိုင်တယ်။ ကမ္ဘာမှာ ကမ္ဘာ့ရွှေဈေးကလည်း ကျလာတယ်..  ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့် လည်းပါတယ်။ နိုင်ငံတကာမှာ နှစ်ကုန်စာရင်းချုပ်တဲ့ကာလ လည်းဖြစ်နေတာကလည်း ကမ္ဘာ့ရွှေဈေးအေးတဲ့ နောက်တစ်ချက်ဖြစ်တယ်။” ဟုဆင်ဟွာကိုပြောသည်။

ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ကိုဇော်အောင်က “ရွှေဈေးက ရက်ပိုင်း အတွင်းကျတာပါ။ အဓိကက ကမ္ဘာ့ရွှေဈေးကျလို့ကျတာပါ’’ ဟုဆင်ဟွာကိုပြောသည်။

ရွှေဈေးကွက် အတွင်းရှိ ရွှေထည်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရွှေဈေးကွက် အတွင်းရှိ ရွှေထည်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

နိုဝင်ဘာလ ၃ ရက် တွင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ကို ဒေါ်လာ၁၅၁၀ ရှိခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ကမ္ဘာ့ရွှေဈေးကတစ်အောင်စ ကို ၁၄၈၅ဒေါ်လာအထိကျဆင်းခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရွေဈေးက နိုဝင်ဘာ ၃ ရက် တွင် တစ်ကျပ်သားကို ကျပ်၁,၂၁၈,၅၀၀ ရှိပြီး နိုဝင်ဘာ ၆ ရက်တွင် ကျပ် ၁,၂၀၅,၀၀၀ပေါက်ဈေးရှိသည်။

ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာ လည်းဈေးကျလျက်ရှိပြီး နိုဝင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာ ကို ၁၅၂၃ကျပ်ရှိပြီး၊နိုဝင်ဘာ ၆ ရက်တွင် တစ်ဒေါ်လာ ၁၅၁၈ ကျပ်ပေါက်ဈေးရှိခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.