Connect with us

Local

အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်


နေပြည်တော်၊ မတ် ၅ ရက် (ဆင်ဟွာ)

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး၌ အလုပ်သမားတစ်ဦး၏ အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပြုနူန်းအတိုင်းသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားတစ်ဦး၏ အနည်းဆုံးလုပ်ခလစာ တစ်ရက်လျှင် ကျပ် ၄၈၀၀နှုန်းထားအား အတည်ပြုနိုင်ရန် အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ကို အစိုးရအနေဖြင့် မတ်လအတွင်း အတည်ပြုထုတ်ပြန်ပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်း၌ အလုပ်သမားများ အလုပ်လုပ်ကိုင်နေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

တိုင်းနှင့် ပြည်နယ်အချို့တွင် အလုပ်သမားများ၏ နေထိုင်စားသောက်မှုစရိတ် စစ်တမ်းကောက်ယူ ဆောင်ရွက်ပြီး အမျိုးသားကော်မတီအနေဖြင့် လုပ်ငန်းစဉ်၏ စတုတ္ထအဆင့်ဖြစ်သည့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ ပြင်ဆင်သတ်မှတ်သည့် အဆိုပြုအနည်းဆုံး အခကြေးငွေကို တစ်နာရီလျှင် ကျပ် ၆၀၀ဖြင့် ၈နာရီအတွက် ကျပ် ၄၈၀၀သတ်မှတ်ခဲ့မှုကို ဇန်နဝါရီ ၂၈ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ယင်း ကျပ် ၄၈၀၀ အဆိုပြုအနည်းဆုံးအခကြေးငွေအပေါ် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရေး အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက် ရက်ပေါင်း ၆၀ပြည့်မြောက်ပြီးဖြစ်သဖြင့် ဥပဒေအရ အဆိုပြုနှုန်းထားကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် လေ့လာစိစစ်ပြီး အနည်းဆုံးအခကြေးငွေနှုန်းထား တစ်ရပ် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.