Connect with us

Local

ကျပ် ၆၈သန်းကျော် တရားမဝင်ပစ္စည်းများကို အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ မတ် ၃ရက်နေ့တွင် ကျပ် ၆၈သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ မတ် ၃ ရက်တွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု ကိုးမှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃ ဒသမ ၄ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ခြောက်မှု(ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅ ဒသမ ၃ဝ၇ သန်းခန့်) စုစုပေါင်းတားဆီးမှု ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈ ဒသမ ၇ဝ၇ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၃ ရက်တွင် မန္တလေးမြို့သို့ သွားရောက် မည့် ကင်တာ ခြောက်ဘီးယာဉ်သုံးစီး ကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း ၂၃ မျိုး နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် သုံးစီး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆ ဒသမ ၅၉၅ သန်းခန့်ကို စစ်ဆေး တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.