Connect with us

Local

အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာသယ်ဆောင်သည့် စက်ယန္တရား ၁၄ စီး တပ်ဆင်အသုံးပြု

အေးရှားဝေါဆိပ်ကမ်း၌ တပ်ဆင်အသုံးပြုနေသော စက်ယန္တရားများအား တွေ့ရစဉ်(ဓာတ်ပုံ-The Mirror)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာများအား ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေရန် ခြောက်လုံးဆင့် တင်နိုင်မည့် စက်ယန္တရား ၁၄ စီး တပ်ဆင်အသုံးပြုနေကြောင်း Asia World Port Terminal၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စက်ကိရိယာအသစ်များကို တပ်ဆင်အသုံး ပြုခြင်းကြောင့် ယခင်က ဆိပ်ကမ်းကုန်သေတ္တာ ကိုင်တွယ် မှုသည် သေတ္တာအလုံးရေ ၄၂,၃ဝဝဝ ကျော် ဆောင်ရွက်ခဲ့ ရာ နောက်ပိုင်းနှစ်များတွင် ၎င်းအလုံးအရေအတွက်၏ ၃ဝ ရာခိုင်နှုန်းကျော် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်သေတ္တာသယ်ဆောင်သည့် စက်ယန္တရားအရေအတွက် အနေဖြင့် ၁၄ စီးရှိပြီးRubber Tyred Gantry(RTG) အသစ် ကိုးစီး၊ Mobile Harbour Crane(MHC)တစ်စီးနှင့် Reach Stackers(RS) လေးစီးတို့ဖြစ်ကြောင်း သိရသည်။

အေးရှားဝေါဆိပ်ကမ်းမှ ကုန်ပစ္စည်းအများစုသည် မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ အစရှိသည့် နိုင်ငံ များသို့ ပို့ဆောင်တင်သွင်းလျက်ရှိပြီး ဆိပ်ကမ်းဧရိယာ အကျယ်အဝန်းအနေဖြင့် ၆၆ ဧကကျော်ရှိကာ ကုန်သည် များ၏ ပို့ဆောင်သောကုန်ပစ္စည်းများကို စစ်ဆေး၍ ကုန်သေတ္တာအတွင်း ထည့်သွင်းကာ ကုန်တင်ကုန်ချ သီးသန့်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

အေးရှားဝေါဆိပ်ကမ်း၌ ကုန် သေတ္တာများအား ကိုင်တွယ်အသုံးပြု ရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေရန် ခြောက်လုံးဆင့် တင်နိုင်မည့် စက်ကိရိယာပစ္စည်းသစ် များ စတင်အသုံးပြုခြင်း အခမ်းအနား ကို ဧပြီ ၂၉ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန် မြို့ အလုံမြို့နယ် ကွင်းကျောင်းလမ်းရှိ အေးရှားဝေါဆိပ်ကမ်း၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

”စက်ပစ္စည်းယန္တရားတွေ တိုးလိုက်ခြင်းဖြင့် တံတား ပိုင်းရော လွင်ပြင်ပိုင်းပါ ကုန်သွယ်ကိုင်တွယ်နိုင်မှု ၃၅ ရာခိုင်နှုန်းထိ တိုးနိုင်ပါတယ်။ စက်ပစ္စည်းသစ်တွေကို ကွန်ထရိုစင်တာကနေ တိုက်ရိုက်ကွန်ထရို လုပ်ပါမယ်။ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံမှုအပိုင်းတွေကိုလည်း အပတ်စဉ် လစဉ်အလိုက် သင်တန်းပို့ချပေးပါမယ်။ အရင် က ကွန်တိန်နာတွေ နှစ်ထပ်၊ သုံးထပ်တင်လို့ရပါတယ်။ အခုက ခြောက်ထပ်အထိ တင်နိုင်တဲ့အတွက် လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ပိုမိုလုပ်ဆောင်နိုင်အောင် ကြိုတင် ပြင်ဆင်ထားတဲ့သဘောပါ။ နိုင်ငံတော်ရဲ့ကုန်သွယ်မှုဟာ လည်း အဓိက ရေကြောင်းကုန်သွယ်မှုမှာ မူတည်ပါတယ်။ သွင်းကုန်/ထုတ်ကုန်တွေ များများပို့နိုင်၊ သွင်းနိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မယ်။ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းလည်း တိုးတက်ဖွံ့ဖြိုးလာမယ်”ဟု Asia World Port Terminal မန်နေဂျာ ဦးဇော်လွင်ဦးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.