Connect with us

Local

ကမ္ဘောဇဘဏ်မှ ကာလရှည်အပ်ငွေပုံစံသစ်မိတ်ဆက်

ရရှိနိုင်မည့် အတိုးနှုန်းဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--ကမ္ဘောဇဘဏ်)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းသည် ဗဟိုဘဏ်မှ မူလသတ်မှတ်ထားသည့် ဘောင်အတွင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆင်ဟွာ ကိုပြောသည်။

ဦးသန်းလွင်က “ကမ္ဘောဇအနေနဲ့ ဗဟိုဘဏ်ရဲ့စည်းမျဉ်းစည်း ကမ်းဘောင်အတွင်းမှာပဲလုပ်တာပါ။ စည်းမျဉ်းစည်းကမ်းဘောင်ရဲ့ ပြင်ပကိုမရောက်ဘူး။ အတိုးနှုန်းကလည်း အပြိုင်အဆိုင်နဲ့ တက်လာတာ။ဗဟိုဘဏ်က တစ်ဦးချင်းအပ်ငွေကို အတိုးကို ၈ရာခိုင်နှုန်းအောက်ကို လျှော့လို့မရဘူး။ ချေးငွေပေါ်မှာယူတဲ့ အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းထက်မကျော်ရဘူး။ ဒါက ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်။ ဗဟိုဘဏ်ရဲ့သတ်မှတ်ချက် ကြားထဲမှာ အတိုးနှုန်းကို ဘဏ်တွေအနေနဲ့ ချိန်ညှိလို့ရတယ်။’’ ဟုပြောသည်။

ကမ္ဘောဇဘဏ် အနေဖြင့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းရရှိမည့် ပမာဏကို ၈% မှ ၁၀.၇၅% အတွင်း ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ထဲတွင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းအသစ်များသည်လည်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုစေမည့် ကာလရှည် ဘဏ်ချေးငွေများကို ခွင့်ပြုပေးခဲ့ကြောင်း၊ အဆိုပါ ကာလရှည် ဘဏ်ချေးငွေများ ထုတ်ချေးပေးသွားနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၁၈ မေလ (၁) ရက်နေ့မှ စတင်ပြီး ကာလရှည် အပ်ငွေ ပုံစံအသစ်ကို စတင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ယခင် စာရင်းသေအပ်ငွေများမှာ မူလနှုန်းဟောင်းဖြင့် အပ်နှံထားသည့် ကာလအထိ ပြောင်းလဲမှုမရှိဘဲ အတိုး ဆက်လက်ရရှိမည် ဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့မှ စတင်၍ အသစ် အပ်နှံသော စာရင်းသေအပ်ငွေများနှင့် သက်တမ်းတိုးအပ်နှံသော စာရင်းသေအပ်ငွေများသည် ယခုပြောင်းလဲသတ်မှတ်သည့် အတိုးနှုန်းအသစ်ဖြင့် အကျုံးဝင်မည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်းအဖွဲ့အစည်းများ (Corporate)၏ စာရင်းသေအပ်ငွေအား (၃) နှစ် အပ်နှံမှုများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.