Connect with us

Local

စီးပွားရေး အခွင့်အလမ်းများ ပိုမို ကျယ်ပြန့်လာစေရန် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ ကျင်းပမည်

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် နှင့် ပတ်သတ်၍ ပွဲကြို သတင်းစာ ရှင်းလင်းပွဲအား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့အား အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟို အချက်အချာ နေရာ တစ်ခု ဖြစ်လာစေရန် ကြိုးပမ်း အား ထုတ်သည့် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သည် စီးပွားရေး အခွင့်အလမ်းများ ပိုမို ကျယ်ပြန့် လာစေရန် ရန်ကုန် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်(Yangon Investment Forum 2018)အား မေ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(YRIC) နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) တို့မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်း နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူ ဦးရေ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေး လုပ်ငန်းရှင်များအား ရှင်းလင်း တင်ပြ သွားမည် ဖြစ်ပြီး ဥပဒေပြုသူများ ၊ မူဝါဒ ချမှတ်သူများ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ် ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေခံ မူဘောင် ၊ အခွန် ဆိုင်ရာ အချက်အလက်များ ၊ လက်ရှိ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အဖွဲ့ဖြင့် ဦးဆောင် ရှင်းလင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ဖိုရမ်တွင် လက်ရှိ ဆောင်ရွက်လျက် ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနက် စက်မှုဇုန် လုပ်ငန်း ၊ လျှပ်စစ် နှင့် စွမ်းအင် ၊ ပို့ဆောင်ရေး ကဏ္ဍ ၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ၊ အထည်အလိပ် စသည့် လုပ်ငန်း နယ်ပယ်တို့မှ ရင်းနှီး မြှုပ်နှံ သူများသည် ၎င်းတို့၏ အတွေ့အကြုံများ ၊ အမြင်များကို ပြန်လည် ဝေမျှ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် နှင့် ပတ်သတ်၍ ယနေ့မေ ၂ ရက်တွင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ဖိုရမ်တွင် ဆွေးနွေးသွားမည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “မြန်မာ နိုင်ငံရဲ့စီးပွားရေး မြို့တော် ရန်ကုန်က ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကနေပြီးတော့ နောင်လာမည့် နှစ်ထဲမှာ ရင်းနှီးမြှုပ်နှံသူ ပိုတိုးပွားလာဖို့အများကြီး ရည်ရွယ်ပါတယ်။”ဟု ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှတစ်ဆင့် ရှေ့ဆက်၍ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ ၊ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ အားလုံး မြှင့်တင်သွားနိုင်မည်ဟု များစွာ မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ပထမဆုံး ကျင်းပပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ပွဲတစ်ခု ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့တက်ရောက်ရန် ဦးရေ ၅၀၀ ကျော် မျှော်မှန်း ထားသော်လည်း ယနေ့ထိ စာရင်း ပေးသွင်းထားမှုမှာ ၆၆၅ ဦး ရှိနေပြီ ဖြစ်ကြောင်း ၊ ၎င်းတို့အနက် နိုင်ငံတကာမှ လာရောက်မည့် နိုင်ငံခြားသား ၃၀၀ ဦးရေခန့်ရှိပြီး ပြည်တွင်းမှ ၃၆၅ ဦးရေ ပါဝင်ကြောင်း ၊ ထို့အပြင် နိုင်ငံခြားသား ၅၀ ဦးရေခန့်တက်ရောက်ရန် စာရင်း ထပ်မံ ပေးပို့ထားကြောင်း ၊ ထိုကြောင့် ဖိုရမ်သို့တက်ရောက်ရန် ဦးရေ ၇၀၀ ခန့်ဖြစ်သွားနိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး အသင်း(MIDA)ဥက္ကဋ္ဌ ဦးခင်မောင်အေးက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ကိန်းဂဏန်းများ အရ မြန်မာနိုင်ငံသို့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု အနက် ရန်ကုန်တိုင်းဒေသကြီးသို့ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် အများဆုံး ဖြစ်ကြောင်း သိရသည်။

၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အထိ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၈၅ ခုဖြင့် မတည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလီယံ ၆၉၉၀.၂၁၃၄ နှင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈၄၅ ခုဖြင့် မတည် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀.၂၇၆ တို့အသီးသီး စီးဝင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၃၀ ခုနှင့် အထူး စီးပွားရေးဇုန် အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် တို့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.