Connect with us

Local

COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားတစ်ပိသာ ကျပ် ၁,၈၀၀ အထိ ဈေးနှုန်းကျဆင်း 

ရန်ကုန်မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာခင်လှိုင်က ဆိုသည်။

“COVID-19 ပထမလှိုင်းငြိမ်သွားတော့ ကြက်ဈေးတွေပြန်တက်တယ်။ အဲဒီမှာ ကြက်မွေးသူတွေ များလာတယ်။ ကြက်ခြံဖမ်းဈေး တစ်ပိသာ ကို ၅,၀၀၀ ကျပ်လောက်အထိ ဈေးတက်ခဲ့တယ်။ ဒုတိယလှိုင်းဖြစ်တယ်။ စားသောက်ဆိုင်တွေ ပိတ်တယ်။ အဲဒီမှာကြက်မွေးတဲ့သူများတော့ ဈေးတွေ က ဆက်တိုက်ကျတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်တွေ့ရှိသည့် မတ်လတွင်ကြက်သားဈေးနှုန်းများ ကျဆင်း၍ မွေးမြူရေးလုပ်ကိုင်သူ ၄၀ ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ COVID-19 ပထမလှိုင်းတည်ငြိမ်သွားချိန်တွင် ကြက်ခြံဖမ်းဈေး တစ်ပိသာ ၅,၀၀၀ ကျပ်အထိ ဈေးမြင့်လာသောကြောင့် မွေးမြူသူများလာချိန် တွင် COVID-19 ဒုတိယလှိုင်းစသည့်အတွက် ဈေးပြန်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြက်မွေးမြူရေးလုပ်ငန်းကို နေရာစုံတွင် လုပ်ကိုင်နေကြပြီး အသားတိုးကြက်ကို ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးမွေးမြူကာ၊ မန္တလေးတိုင်းဒေသကြီး ၌ ဒုတိယအများဆုံးမွေးမြူကြောင်း သိရသည်။ ရန်ကုန်ရှိ ရပ်ကွက်ဈေးများတွင် မွေးမြူရေးကြက်တစ်ပိသာလျှင် ကျပ် ၆၀၀၀ မှ  ၄၀၀၀ ကျပ်အထိ ဈေးကျသွားခဲ့ကြောင်းသိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.