Connect with us

Local

Huawei၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်ပြီး မီဒီယာရှင်းလင်းပွဲကျင်းပ

Huawei၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့်ပတ်သက်ပြီး မီဒီယာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

Huawei၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ(2018 Annual Report )နှင့် ပတ်သက်ပြီး မီဒီယာရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့ရှိ Huawei Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲ၌ Huawei Myanmar၏ ဒုတိယအထွေထွေ မန်နေဂျာ Mr Bob Zhuက Huawei၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ၂၀၁၈ခုနှစ်ဟာ Huaweiအတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး နိုင်ငံတကာမှာ သတင်းထွက်ပေါ်နေ ခဲ့ပေမယ့် တကယ့်လက်ရှိ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းမှာတော့ ဒီနှစ်ဟာ မှတ်ကျောက်တင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်”ဟု Huawei Myanmar၏ ဒုတိယအထွေထွေ မန်နေဂျာ Mr Bob Zhuက ပြောသည်။

၂၀၁၈ ခုနှစ်အတွက် အရောင်းဝင်ငွေသည် အမေရိကန် ဒေါ်လာ ၁၀၅.၁၉ ဘီလျံဖြစ်ပြီး ယခင်နှစ်ထက် ၁၉.၅ ရာခိုင်နှုန်း ပိုတိုးတက်လာကြောင်း၊ Carrier Business၏ အရောင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၂.၈၈ ဘီလျံဖြစ်ပြီး ယခင်နှစ်ထက် အနည်းငယ် လျော့နည်းကြောင်း သိရသည်။

Huaweiသည် ၂၀၁၈ ခုနှစ်အတွင်း အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈.၆၄ ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ထက် ၂၅.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၈ခုနှစ်အတွင်း Huawei စမတ်ဖုန်းအလုံးရေ တစ်သန်းကျော်ရောင်းချနိုင်ခဲ့ပြီး Consumer Businessသည် ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း ပိုမို တိုးတက်လာကြောင်း ဒုတိယအထွေထွေ မန်နေဂျာ Mr Bob Zhuက ဆိုသည်။

၂၀၁၉ခုနှစ်တွင်လည်း Huaweiသည် နည်းပညာနယ်ပယ်ကို ဆက်လက်ဦးဆောင်ပြီး 5G ၊ broadband ၊cloud နှင့် AIတို့တွင် ဆက်လက် ရင်းနှီးမြှုပ်နံှသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.