Connect with us

Local

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၈၄ ခုထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေဟုဆို

ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၈၄ ခုထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ယနေ့ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်နေ့အထိ (၃) နှစ်တာကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများဆောင်ရွက်မည့် ပြည်ပနိုင်ငံပေါင်း (၂၂) နိုင်ငံမှ စီးဝင်ခဲ့သော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအရေအတွက် စုစုပေါင်း (၅၈၄) ခုနှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉ ဘီလီယံ ရှိကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

အလားတူကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း (၃၅၉) ခုနှင့် တန်ဖိုးကျပ် ၇၃၉၀ ဒသမ ၃၄ ဘီလီယံ ရှိကြောင်း ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ(၆)လတွင် စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်ဆုံးနိုင်ငံများစာရင်း (LDC) မှ လွတ်မြောက်ရေး စံသတ်မှတ်ချက် (၃) ခုလုံးကို ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် ပြည့်မီသည့် တိုးတက်မှုရလဒ် ရရှိခဲ့ကြောင်း သမ္မတက ဆိုသည်။(Xinhua)