Connect with us

Local

UnionPay  ကတ် ကိုင်ဆောင်သူများ ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်သည့် “Go for Gold” ကမ်ပိန်း စတင်ကြောင်း ကြေညာ

UnionPay International Southeast Asia ၏ Deputy General Manager Mr.Vincent Ling က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

UnionPay International Myanmar ကတ်ကိုင်ဆောင်သူများအတွက် ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်ရန် ရည်ရွယ် ပြုလုပ်သော “Go for Gold” ကမ်ပိန်း စတင်ကြောင်း ကြေညာခြင်းကို မြန်မာပလာဇာ၌ ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။UnionPay I

nternational Southeast Asia ၏ ဒုတိယ အထွေထွေ မန်နေဂျာ Mr.Vincent Ling က “UnionPay ကတ် သုံးစွဲသူတွေ အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဒင်္ဂါးပြားများ ကံစမ်းမဲ ပရိုမိုးရှင်းကို ပထမဆုံး အနေနဲ့ ကျင်းပခွင့် ရလို့ ဝမ်းသာပါတယ်။ကံထူးရှင်တွေ အားလုံး အတွက် စုစုပေါင်း တန်ဖိုး သိန်း ၁၈၀ ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ပေးအပ်နိုင်တာ ဝမ်းသာပါတယ်။”ဟု မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

UnionPay International Southeast Asia ၏ Deputy General Manager Mr.Vincent Ling က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ) 

UnionPay “Go for Gold” ကမ်ပိန်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်ထိ ရက်သတ္တပတ် ၁၃ ပတ် ကြာမြင့်မည့် ကံစမ်းမဲ အစီအစဉ် ဖြစ်ပြီး မြန်မာ နိုင်ငံတွင်း ဖြစ်စေ ၊ အွန်လိုင်းတွင် ဖြစ်စေ ၊ နိုင်ငံရပ်ခြားတွင် ဖြစ်စေ UnionPay  ကတ်ကို အသုံးပြု၍ Receipt တစ်ခုတည်းပေါ်၌ တန်ဖိုး အနည်းဆုံး ငွေကျပ် ၃၀,၀၀၀ ဝယ်ယူပြီး ရရှိလာသော Receipt ကို www.unionpaygoforgold.com သို့ ပေးပို့ ကံစမ်းနိုင်ကြောင်း သိရသည်။

ကမ်ပိန်းတွင် အပတ်စဉ် ကံထူးရှင် တစ်ဦးစီ ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းကံထူးရှင်မှာ ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိ ၁၂ ဂရမ် အလေးချိန် ရှိသော ရွှေဒင်္ဂါးပြားများကို ရရှိမည် ဖြစ်ကြောင်း ၊ ကမ်ပိန်းတွင် ပါဝင်သူများ အားလုံးသည် ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ အလေးချိန် ၅၇ ဂရမ် ရှိသော ရွှေဒင်္ဂါးပြားများကို အလိုအလျောက် ကံစမ်းနိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

UnionPay International(UPI) သည် နိုင်ငံနှင့် ဒေသပေါင်း ၅၈ နိုင်ငံမှ UnionPay ကတ်ပေါင်း ၈ ဘီလီယံ ထုတ်ဝေပြီး နိုင်ငံ နှင့် ဒေသပေါင်း ၁၇၇ ရှိ ATM စက်သန်းပေါင်း ၄ ဒသမ ၆ သန်း နှင့် ကုန်သည် လုပ်ငန်းရှင် ၅၆ သန်းကျော် UnionPay ကတ်များကို လက်ခံလျက် ရှိကြောင်း ၊ ထို့ပြင် နိုင်ငံနှင့် ဒေသပေါင်း ၄၈ ခုတွင် UnionPay QRC ကို ကုန်သည် လုပ်ငန်းရှင် ၁၆ သန်း လက်ခံနေပြီး UnionPay QuickPass ကို ကုန်သည် လုပ်ငန်းရှင် ၁၉ သန်း လက်ခံလျက် ရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.