Local
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသည် ပြည်ပခရီးစဉ် (Outbound Tour) လိုင်စင်များကို မတ်လ ၈ ရက် အထိ လိုင်စင် (၈၂) ခုကို ခွင့်ပြုပေးထားပြီးဖြစ်
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနသည် ပြည်ပ ခရီးစဉ် (Outbound Tour) လိုင်စင်များကို မတ်လ ၈ ရက် အထိ လိုင်စင် (၈၂) ခုကို ခွင့်ပြုပေးထားပြီး ဖြစ်ပြီး ထပ်မံ တင်ပြလာသော ကုမ္ပဏီများကိုလည်း စိစစ် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ပြောသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၂၃ တွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း တစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရန် ပြဌာန်းထားရှိကြောင်း၊ ထို့ကြောင့် ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း ဆောင်ရွက် မည်ဆိုပါက လုပ်ငန်းလိုင်စင် လျှောက်ထား ရယူရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ လုပ်ငန်း ဆောင်ရွက်စဉ် အကြောင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့် အညီ အရေးယူ ခံရနိုင်ကြောင်း ၎င်းကဆိုသည်။
သူကပဲ “အခုက ပွင့်လင်းရာသီ ရောက်ပြီဆိုတော့ ပြည်ပခရီးစဉ်တွေကို အရမ်းလုပ်ကြတယ်။ လိုင်စင်မရှိပဲနဲ့ ပြည်ပ ခရီးစဉ်တွေ ကြေညာလုပ်ကိုင်ရင် အရေးယူ ခံရနိုင်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့လည်း မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်ပ ခရီးစဉ် (Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ငန်းလိုင်စင်များ ခွင့်ပြု ပေးနေပါတယ်’’ ဟုပြောသည်။ (Xinhua)