Connect with us

Local

ရန်ကုန် စတော့ဈေးကွက် ရှယ်ယာများကို မတ်လ ၂၅ ရက်တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်အဖြစ် စတင်ရောင်းချ သွားမည်

ရန်ကုန်စတော့ဈေးကွက်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့ဈေးကွက် ရှယ်ယာများကို မတ်လ ၂၅ ရက်တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်အဖြစ် စတင်ရောင်းချ သွားမည် ဖြစ်ပြီး ရန်ကုန် စတော့ဈေးကွက်ကို မတ်လ ၂၅ ရက်တွင် စတင်လည်ပတ် သွားမည်ဖြစ်ကာ စတင် ရောင်းဝယ်သည့် ရက်၌ ရှယ်ယာများကို အချိန်ပိုင်း တစ်ခုဖြင့်သာ လုပ်ဆောင်မည် ဖြစ်ပြီး နောက်ပိုင်း ရက်များတွင် အချိန်ပြည့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောသည်။

FMI ရှယ်ယာ အဖွင့်ဈေး အနေဖြင့် ငွေကျပ်၂ဝဝဝဝ ဝန်းကျင်ခန့်သာ ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်ပြီး အချိန် အနည်းငယ် အတွင်း ရှယ်ယာဈေး မြင့်တက်သွား နိုင်သည့် အနေအထား များလည်း ရှိသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ FMI ကုမ္ပဏီမှ ရှယ်ယာ ရောင်းဝယ်မှု အဆင်ပြေ အောင်မြင်သွားပါက ရက်အနည်းငယ် အတွင်း သီလဝါအထူး စီးပွားရေးဇုန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံသားများ ဘဏ်ကို လည်းကောင်း စသည်ဖြင့် ကျန်ရှိသော စာရင်းဝင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်မည့် လုပ်ငန်းများကို ဆက်လက် ဖွင့်လှစ်လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စတော့ရှယ်ယာ ရောင်းဝယ်ခွင့် ရရှိထားသော လုပ်ငန်းကုမ္ပဏီ ခြောက်ခု အပြင် ထပ်မံ၍ ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်နိုင်မည့် လုပ်ငန်းကုမ္ပဏီ များကို တိုးမြှင့်သွားမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်အတွင်း စတော့ရှယ်ယာ ရောင်းချပေးမည့် လုပ်ငန်း ကုမ္ပဏီ ၁၀ ခုခန့်အထိ ရှိလာနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်း ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.