Connect with us

Local

ရန်ကုန်မြို့တွင်း၌ ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific ဟိုတယ် ဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Junction City ရှော့ပင်းစင်တာ အပေါ်ထပ်၌ ကမ္ဘာ့အဆင့်မီ ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific ဟိုတယ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

Junction Cityရှော့ပင်းစင်တာ၏ ၆ထပ်မှစပြီး ၂၅ထပ်ဖွင့်လှစ်ထားသော Pan Pacificဟိုတယ်၌ အခန်းပေါင်း ၃၃၆ခန်းပါဝင်ပြီး အဆင့်မြင့် စားသောက်ခန်းများ၊ ရေကူးကန်၊ Spa နှင့် အားကစား စင်တာ၊ Bar များပါဝင်ကြောင်း၊ ဟိုတယ်သည် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတွင် တည်ရှိသဖြင့် ရန်ကုန်မြို့၏ အလှအပများကို ခံစားနိုင်သော ဟိုတယ်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့်မီ ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific ဟိုတယ်ကို ရွှေတောင်ကုမ္ပဏီအုပ်စုနှင့် Pan Pacific ဟိုတယ် ပူးတွဲလုပ်ကိုင်ပြီး ဟိုတယ်၏ စီမံခန့်ခွဲအပိုင်းကို Pen Pacificက လုပ်ကိုင်မည်ဖြစ်ကြောင်း၊ Pan Pacificကုမ္ပဏီသည် နိုင်ငံတကာတွင် ဟိုတယ်ပေါင်း၃၀ကျော် ဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.