Connect with us

Local

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံရလဒ်များကို နိုင်ငံတော်ကို တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံလာ၌ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ- UMFCCI)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ( ၂၀၁၇)၏ ဆွေးနွေးမှုရလဒ်များကို နိုင်ငံတော်သို့ တင်ပြပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်ထံမှ အကူအညီယူပြီး နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှငိးများ လက်တွဲကာ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်မှသာ နိုင်ငံတော် စီးပွားရေးနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အောင်မြင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေးကဏ္ဍသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ တိုးတက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း ၎င်းက ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ (၂၀၁၇)အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယနေ့ကျင်းပသည့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ( ၂၀၁၇)သည် အသေးစား၊ အလတ်စားနှင့် တိုင်းဒေသကြီး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ခြင်းကြောင့် အလွန်ကောင်းမွန်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ကို ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။အဆိုပါ ညီလာခံတွင်“ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇” အကြိုညီလာခံတွင် ဆွေးနွေးထားသော အကြုံပြချက်များကို တင်ပြကာ ဒေါက်တာဦးမြင့်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦး စသည့် စီးပွားရေးပညာရှင်များက အနှစ်ချုပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်း အနှစ်ချုပ်အကြံပြုချက်များကို ညီလာခံအဆုံးသတ်ပိုင်းတွင် Resolution အဖြစ် ပြုစုပြီး နိုင်ငံတော်အစိုးရထံသို့ အသင်းချုပ်မှ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဝင်အောင်က ဆိုသည်။

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ အကြိုအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်နေ့တွင် UMFCCIအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် ကုန်သည်စက်မှုအသင်းများ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းများ၏ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ကျော်သည် မြန်မာ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို တွန်းတင်နိုင်မည့် အဓိက လုပ်ငန်းလိုအပ်ချက် (၃) ရပ်ဖြစ်သော အသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရေးနှင့် ဆက်သွယ်ပေါင်းစည်းမှုများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို Breakout Session များ ခွဲကာ ဆွေးနွေးခဲ့ကြပြီး အကြံပြုချက်များကို စုစည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.