Connect with us

Local

SMEလုပ်ငန်းပေါင်း ၈၀၀ ကျော် ချေးငွေထုတ်ချေးရန် ကျန်ရှိ

တွံတေးမြို့ရှိ အိုးလုပ်ငန်းတစ်ခုတွင် အလုပ်သမားတစ်ဦး မြေအိုးများ ဈေးကွက်သို့ရောင်းချရန် ရွေးချယ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်း (SME) လုပ်ငန်းပေါင်း ၈၀၀ ကျော်ကို ချေးငွေထုတ်ချေးရန် ကျန်ရှိနေကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောကြားသည်။

မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အရှုံးအမြတ် စာရင်းစသည့် အချက်များ မဖော်ပြနိုင်လျှင် ချေးငွေချေးနိုင်ဖို့ ဝန်ကြီးဌာနဘက်က အခက်အခဲရှိသည်ဟုဆိုသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးဌာန ( SME CENTER )အနေနှင့် ချေးငွေ ကျပ်သန်း ၄,၀၀၀ကို လုပ်ငန်း (၁၄၅) ခုကိုသာ ချေးပေးနိုင်ခဲ့ပြီး ချေးငွေရရှိရန် လျှောက်လွှာ တင်ထားဆဲ လုပ်ငန်းပေါင်း (၈၀၀) ကျော်ကို ထုတ်ချေးရန် ကျန်ရှိသည်။

ပြည်တွင်း SME လုပ်ငန်းများ လုပ်ကိုင်ရန် အချက်အလက်လိုအပ်မှုများကြောင့် ယင်းကဏ္ဍ အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲရှိသည်။

လက်ရှိ မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း လေးသောင်း ကျော်ရှိပြီး မှတ်ပုံတင်ထားခြင်းမရှိသည့် လုပ်ငန်းပေါင်း (၆,၀၀၀၀) ခန့်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.