Connect with us

Stock Market

စတော့ခ်ဈေးကွက် တည်မြဲစေရန် ဆားကစ် ဘရိတ်ကာအား ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ရန် တရုတ် နိုင်ငံက ကြေညာ

တရုတ်နိုင်ငံ စတော့ခ်ဈေးကွက် တစ်ခုတွင် ရင်းနှီးမြှုပ်နှံသူ တစ်ဦးက စတော့ခ် ဈေးကွက် ဈေးနှုန်းများအား လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

စတော့ခ်ဈေးကွက် အတွင်း ကြီးမားသော ပြောင်းလဲမှုများကို ထိန်းချုပ်ရန် ဆားကစ်ဘရိတ်ကာ လုပ်ထုံးလုပ်နည်း အစီအစဉ် အား ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာ လိုက်ပါသည်။

တရုတ် ငွေချေး သက်သေခံလက်မှတ်များ ထိန်းသိမ်းရေး ကော်မရှင်၊ ရှန်ဟိုင်းနှင့် ရှန်ဇန်း စတော့ခ် အိတ်ချိန်းနှင့် China Financial Futures Exchanges တို့၏ ခွင့်ပြုချက်ဖြင့် လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများအား ဒီဇင်ဘာလ ၄ ရက်က ထုတ်ပြန် ကြေညာလိုက်ကြောင်း ရှန်ဟိုင်း စတော့ခ်အိတ်ချိန်း ဖော်ပြထားချက်အရ သိရသည်။

စတော့ခ် ဈေးနှုန်း ကြီးမားစွာ ပြောင်းလဲ တက်ကျခြင်းများ အား တုံ့ပြန် ထိန်းချုပ်ရန် ဆားကစ်ဘရိတ်ကာ စနစ်ဖြင့် လုပ်ငန်း ခေတ္တ ဆိုင်းငံ့မှု အပေါ် ပြည်သူတို့၏ ထင်မြင်ချက်အား စက်တင်ဘာလ ၂၁ ရက် အထိ စတော့ခ်ရှယ်ယာအရောင်းအဝယ် ဌာနတွင် ကောက်ယူခဲ့သည်။

နောက်ဆုံး ရေးဆွဲထားသည့် မူကြမ်းအရ အဓိက ဈေးနှုန်းအပြောင်းအလဲများ ဖြစ်သည့် အချိန်၌ ဆိုင်းငံ့ကာလသည် ၁၅ မိနစ်မှ နာရီဝက်ခန့် ရှိနိုင်ကြောင်း သိရသည်။

ယင်းစနစ်အရ အစုရှယ်ယာ ညွှန်းကိန်းသည် ၅ ရာခိုင်နှုန်း အတက် သို့မဟုတ် အကျ ဖြစ်နေချိန်တွင် စတော့ခ်ကုန်သွယ်မှု တွင် ဆားကစ် ဘရိတ်ကာ စနစ်က ၁၅ မိနစ်တာ ဆိုင်းငံ့ပေးပြီး ပြန်လည် စတင် ပေးလိမ့်မည် ဖြစ်သည်။

အကယ်၍ နေ့လည် ၂း၄၅ နာရီနောက်ပိုင်း၌ ညွှန်းကိန်းက ၅ ရာခိုင်နှုန်း ပြောင်းလဲခဲ့လျှင် သို့မဟုတ် ၇ ရာခိုင် နှုန်း အတက် သို့မဟုတ် အကျ ဖြစ်ခဲ့လျှင် ယင်းနေ့အတွက် ကုန်သွယ်မှုကို စတော့ခ် ဈေးကွက် ပိတ်သိမ်းချိန် ညနေ ၃း၀၀ နာရီ အထိ ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အဆိုပါ မူကြမ်းက ဆိုသည်။

တရုတ်နိုင်ငံက လက်ရှိ နေ့စဉ် ကုန်သွယ်မှုအား တစ်ဦးချင်း စတော့ခ်ရှယ်ယာများ၏ အတက် အကျအား ၁၀ ရာခိုင်နှုန်း ကန့်သတ်ထားပါသည်။ လုပ်ထုံးလုပ်နည်း အသစ်တွင်မူ စတော့ခ်၊ စာချုပ်ရောင်းဝယ်ရေး နှင့် စတော့ခ် ရွေး ပိုင်ခွင့်နှင့် စာချုပ် ကြိုရောင်းကြိုဝယ် စသည့် ကိစ္စရပ်များအားလုံးကို ကာကွယ်ပေးသွားမည် ဖြစ် သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.