Connect with us

Stock Market

စတော့အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာ ထုတ်ရောင်းရန် လတ်တလော အများပိုင် ကုမ္ပဏီ ၆ ခု ခွင့်ပြု

(၁) စတော့ အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း အား ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲ အခမ်းအနား တွင် တွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံး စတော့ အိတ်ချိန်း ဖြစ်သည့် ရန်ကုန်စတော့ အိတ်ချိန်း Yangon Stock Exchange (YSX) ကို ဖွင့်လှစ်ပြီး ရှယ်ယာ ထုတ်ရောင်းရန် အတွက် လတ်တလော အများပိုင် ကုမ္ပဏီ ၆ ခု ဖွင့်လှစ် ခွင့်ပြုထားကြောင်း စတော့ အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ ခွင့်ပြုထားသည့် ကုမ္ပဏီများသည် ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လိမိတက် (FMI)၊ ပထမ ပုဂ္ဂလိကဘဏ်၊ Great Hor Kham Public Co,.Ltd၊ Myanmar Agribusiness Public Co,.ltd၊ မြန်မာနိုင်ငံသားများ ဘဏ်နှင့် မြန်မာသီလဝါ အများပိုင် ကုမ္ပဏီတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲ အခမ်းအနား အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း အားတွေ့ရစဉ် (ဆင်ဟွာ)

စတော့ အိတ်ချိန်း ရှယ်ယာ ရောင်းဝယ်မှုများကို ၂၀၁၆ ခုနှစ် မတ်လဆန်းတွင် ရောင်းဝယ်မှုများ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။

ရန်ကုန် စတော့ အိတ်ချိန်းကို မတည်ငွေ ကျပ် ၃၂ ဘီလီယံဖြင့် တည်ထောင်ထားခြင်း ဖြစ်ပြီး ဒိုင်းဝ အင်စတီကျုက ရှယ်ယာ ၃၀.၅ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန် ၁၈.၆ ရာခိုင်နှုန်းကို ဂျပန် အိတ်ချိန်း အုပ်စုက ပိုင်ဆိုင်သည်။

ရန်ကုန် စတော့ အိတ်ချိန်းကို အဝယ်အရောင်း အော်ဒါအဖြစ် နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံခြားသားများ၊ နိုင်ငံခြား ကုမ္ပဏီများမှာမူ ရန်ကုန် စတော့ အိတ်ချိန်းတွင် ရှယ်ယာဝယ်ခွင့် ရရှိမည် မဟုတ်သကဲ့သို့ ကျပ်သိန်းတစ်ထောင်ဖိုးနှင့် အထက် ရှယ်ယာ ဝယ်သူများသည်လည်း ပြည်ထဲရေး လက်အောက်ရှိ ငွေကြေး ခဝါချမှု စုံစမ်းရေး အထူးအဖွဲ့၏ ငွေရလမ်း ဇစ်မြစ် စုံစမ်း စစ်ဆေးမှုကို ခံရမည်ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.