Connect with us

World

ကမ္ဘာ့စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရ အကွယ်ကူဆုံး နိုင်ငံများမှာ အရှေ့အာရှနှင့် ပစိဖိတ် ဒေသမှ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အုပ်စုမှ သတင်း ထုတ်ပြန်

ကမ္ဘာ့ဘဏ် အမှတ်တံဆိပ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရ အကွယ်ကူဆုံး နိုင်ငံ အချို့မှာ အရှေ့အာရှနှင့် ပစိဖိတ် ဒေသမှ ဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ် ဒေသရှိ နိုင်ငံ အများစုသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ထားရှိသည့် စည်းမျဉ်း ဥပဒေများ ပိုမို တိုးတက်စေမည့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိကြောင်း ကမ္ဘာဘဏ် အုပ်စုမှ “Doing Business 2016:Measuring Quality and Efficiency” အစီရင်ခံစာအရ တွေ့ရှိချက်များ အပေါ် သတင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း မှတ်တမ်း တင်ခဲ့သမျှတွင် အရေအတွက် အများဆုံး ပြုပြင် ပြောင်းလဲမှု ကဏ္ဍမှာ စီးပွားရေး လုပ်ငန်းသစ် စတင် လုပ်ကိုင်မှု အပိုင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ပြည်တွင်း ကုမ္ပဏီများ အတွက် အနိမ့်ဆုံး အရင်း အနှီး ပမာဏ သတ်မှတ်ချက်ကို ပယ်ဖျက်ခြင်းနှင့် ရုံးလုပ်ငန်း အဆင့်ဆင့်ကို လျှော့ချ ပေါင်းစပ်ခြင်း တို့ဖြင့် အသေးစား လုပ်ငန်းများ၏ အဖိုးတန် အချိန်နှင့် ရင်းမြစ်များကို ချွေတာ သွားနိုင်ပြီး ကမ္ဘာလုံး အတိုင်းအတာဖြင့် အကြီးဆုံးသော တိုးတတ်မှုကို ပြုလုပ်နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့အာရှနှင့် ပစိဖိတ် နိုင်ငံများအနေဖြင့် စည်းမျဉ်း စည်းကမ်းပိုင်း ဆိုင်ရာတွင် အကောင်းဆုံး အနေအထားသို့ဖြည်းဖြည်းချင်း ရောက်ရှိနေသော်လည်း ကြွေးမဆပ်နိုင်သည့် ပြသနာကို ဖြေရှင်းခြင်း ၊ စာချုပ်များ အတိုင်း အတိအကျ ဆောင်ရွက်ခြင်းနှင့် အိမ်ခြံမြေ မှတ်ပုံတင်ခြင်း စသည့် အပိုင်းတို့တွင် အထူးသဖြင့် စိန်ခေါ်မှုများ ရှိနေပါသေးကြောင်း ကမ္ဘာဘဏ် အုပ်စု၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်အုပ်စု၏ နှစ်စဉ် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု တိုင်းတာချက်များ အရ ကမ္ဘာ့နံပါတ်တစ် အဖြစ် စင်ကာပူ နိုင်ငံသည် ဆယ်နှစ် ဆက်တိုက် ရပ်တည်နေပြီး ထိပ်ဆုံးနိုင်ငံ နှင့် ဒေသ ၂၀ စာရင်းတွင် နယူးဇီလန်(နံပါတ် ၂) ၊ တောင်ကိုရီးယား နိုင်ငံ (ROK) (နံပါတ် ၄) ၊ ဟောင်ကောင် (တရုတ်) (နံပါတ် ၅) ၊ ထိုင်ဝမ် (တရုတ်) (၁၁) ၊ သြစတြေးလျ (၁၃) နှင့် မလေးရှား (၁၈) တို့လည်း ပါဝင်နေကြောင်း ဖော်ပြထားသည်။
ဒေသတွင်း အခြား စီးပွားရေး အင်အားကြီး နိုင်ငံများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရ လွယ်ကူမှု အဆင့် သတ်မှတ်ချက်များမှာ တရုတ် (၈၄) ၊ အင်ဒိုနီးရှား (၁၀၉) ၊ ဂျပန် (၃၄) ၊ ဖိလစ်ပိုင် (၁၀၃) ၊ ထိုင်း (၄၉)နှင့် ဗီယက်နမ် (၉၀) တို့အသီးသီး ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117