Connect with us

Culture & Entertainment

ပေကျင်းမြို့ ရှိ တော်ဝင်ပန်းခြံကို ယူနက်စကိုစာရင်းဝင်ဖြစ်ရန် အတွက် ရှေးမူမပျက် ပြုပြင်ဆောင်ရွက်လျက်ရှိ

တော်ဝင်ကျင်ဆန်းပန်းခြံအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့သည် ၎င်း၏ အထင်ကရရှေးဟောင်းအဆောက်အဦးများ ကို ယူနက်စကို အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၊ တော်ဝင်ကျင်ဆန်းပန်းခြံ ပရဝဏ် အတွင်းရှိသောရှေးဟောင်းအဆောက်အဦများ ပြုပြင်ထိန်းသိမ်းမှု ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် China Daily သတင်းစာတွင်ဖော်ပြခဲ့သည်။

ကျင်ဆန်းပန်းခြံသည် ပေကျင်းမြို့၏ အထင်ကရ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ တရုတ်ရှေးဟောင်းနန်းတော် (Forbidden City) ၏ မြောက်ဘက်နှင့် အလွန်နီးကပ်စွာ တည်ရှိကြောင်း သိရသည်။

ယနေ့အချိန်တွင် တော်ဝင်ကျင်ဆန်းပန်းခြံ အတွင်း၊ ရှေးဟောင်း အဆောက်အအုံမဟုတ်သည့် ၁၀၀၀ စတုရန်းမီတာ တွင်ရှိသော အဆောက်အဦးများအားဖြိုဖျက်ခြင်း၊ ၄၀၀ စတုရန်းမီတာအတွင်းရှိ ရှေးဟောင်းအဆောက်အဦ များကို ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း တော်ဝင်ကျင်ဆန်းပန်းခြံ ၏ အကြီးအကဲဖြစ်သူ ချုံယိဖုန် (Cong Yipeng) ၏ ပြောကြားချက်အရ သိရသည်။

ပေကျင်းမြို့ ၏ အဓိက ဝင်ရိုး ဖြစ်သည့် ၈ ကီလိုမျဉ်းတစ်လျှောက်တွင် City Center နှင့် ထျန်အန်းရင်ပြင်( Tian’anmen Square) တို့ ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်အရ ပေကျင်းမြို့ ၏ အဓိက ဝင်ရိုးပေါ်တွင် ရှေးဟောင်းအဆောက်အုံ ၁၄ နေရာ ရှိကြောင်း၊ ကျန်းရန်ဂိတ် (Zhengyang Gate) ၊ရှေးဟောင်းနန်းတော် (Forbidden City) နှင့် တော်ဝင်ကျင်ဆန်းပန်းခြံ တို့ ပါရှိကြောင်း သိရသည်။

အဓိကကျသည့် ရှေးဟောင်းအမွေအနှစ်နေရာများ ကို ၂၀၃၅ ခုနှစ် တွင်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ်လျှောက်ထားရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.