Connect with us

Culture & Entertainment

ရှန်ဟိုင်း Disneyland ကစားကွင်း ဝင်ခွင့်အတွက် ပထမ ရက်သတ္တပတ် ၂ ပတ်စာ လက်မှတ်များ ကုန်ပြီ

ရှန်ဟိုင်း Disneyland ကစားကွင်းအား ကောင်းကင်ယံမှ မြင်ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ၊ မေ ၂ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၆ ရက်တွင် စတင် ဖွင့်လှစ်မည့် ရှန်ဟိုင်း Disneyland ကစားကွင်း ဝင်ခွင့်လက်မှတ်များ အတွက် ပထမ ရက်သတ္တပတ် ၂ ပတ်စာ လက်မှတ် အားလုံး ရောင်းကုန်သွားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက မေလ ၁၉ ရက်တွင် ပြောကြားသည်။

ကစားကွင်းအတွင်း ဝင်ရောက် လည်ပတ်လိုသူများသည် နောက်ပိုင်း ရက်များအတွက် ရောင်းချပေးမည့် လက်မှတ်များကိုသာ ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း ရှန်ဟိုင်း Disney ကစားကွင်း ပြည်သူ့ဆက်ဆံရေး ဒုတိယ ဥက္ကဋ္ဌ Murray King က ပြောကြားသည်။

ရှန်ဟိုင်း Disneyland ကစားကွင်းအား ကောင်းကင်ယံမှ မြင်ရစဉ် (ဆင်ဟွာ)
ရှန်ဟိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဒုတိယ အထွေထွေ အတွင်းရေးမှူး Sun Jiwei က ခရီးသွား အလုံးအရင်းဖြင့် ဝင်ရောက်လာချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို အကူအညီပေးရန် အတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များ ရှိကြောင်း ပြောသည်။

ရှန်ဟိုင်း Disney ကစားကွင်းက ကမ္ဘာ တစ်ဝန်းတွင် ဖွင့်လှစ်ထားသည့် Disneyland ၏ ၆ ခုမြောက် ကစားကွင်း ဖြစ်ကြောင်း သိရသည်။ ရှန်ဟိုင်း Disneyland ကစားကွင်း ဝင်ခွင့်လက်မှတ်များကို မတ်လ ၂၈ ရက်တွင် စတင် ရောင်းချပေးခဲ့သည်။ ပုံမှန် ကွင်းဝင်ကြေးမှာ တရုတ်ယွမ်ငွေ ၃၇ဝ ယွမ် (အမေရိကန် ဒေါ်လာ ၅၆ ဒေါ်လာ) ဖြစ်ပြီး အားလပ်ရက်များ နှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အတွက် ၄၉၉ ယွမ် ဖြစ်သည်။

ရှန်ဟိုင်း Disneyland ဖွင့်ပွဲ ကာလဖြစ်သည့် ဇွန်လ ၁၆ ရက်မှ ၃ဝ ရက်ထိ ကွင်းဝင်ကြေးမှာ ၄၉၉ ယွမ် ဖြစ်ကြောင်းသိရသည်။ (Xinhua)