Connect with us

Economy

လွတ်လပ်သောကုန်သွယ်မှုကနေ တရုတ်နှင့် တောင်ကိုရီးယားအတွက် အခွင့်အလမ်း ပိုမိုရရှိစေမယ်လို့ တောင်ကိုရီးယား သမ္မတဆို

တရုတ်-တောင်ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး မိန့်ခွန်းပြောကြား နေစဉ်။ (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံ(ROK) တို့အကြား သဘောတူညီထားသော လွတ်လပ်သော ကုန်သွယ် မှု စာချုပ်ကနေ နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍနှင့် ပြည်သူလူထုအတွက် အကျိုးအမြတ်များ ပိုမို ရရှိနိုင်မည်ဟု တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးက သောကြာနေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် တရုတ်-တောင်ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် မှတ်ချက်ပြု ခဲ့သည်။

“တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ကြားမှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံ ရှိခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း ကျယ် ကျယ်ပြန့်ပြန့်ရှိခဲ့ သဖြင့် ကမ္ဘာ့စီးပွားရေး အကျဘက်သို့ ရောက်နေချိန်မှာ တောင်မှ စလုံးကို အထောက်အပံ့ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ပတ်ကပြောသည်။

တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတွင်ရှိသော စီးပွားရေး အသိုင်းအဝိုင်းအား ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စိုက် ပျိုးရေး နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာများတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက် နိုင်စေရန်လည်း ပတ်က တိုက်တွန်းလိုက်သည်။

နှစ်နိုင်ငံက ကုမ္ပဏီများအနေဖြင့် အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြှပ်နှံမှုဘဏ် မှတဆင့် ဒေသအတွင်း အခြေခံ အဆောက်အဦး ရင်းနှီးမြှပ်နှံ မှုများတွင် ပါဝင်ပြီး စီးပွာရေးဖွံ့ဖြိုးအောင် ဆောင်ရွက်သင့်ကြောင်း ပတ်က ပြောသည်။

ကမ္ဘာ့စီးပွားရေးသည် အကျဘက်သို့ ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကမူ ကားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.