Connect with us

Economy

တရုတ် နိုင်ငံပိုင် ရေနံနှင့်ဓာတု ကုမ္ပဏီနှင့် ရုရှား နိုင်ငံပိုင် ရေနံ ကုမ္ပဏီတို့ ရုရှား ရေနံမြေ နှစ်ခုတွင် ပူးပေါင်း တူးဖော်မည်

တရုတ် နိုင်ငံတော်ပိုင် ရေနံနှင့်ဓာတု ကုမ္ပဏီ Sinopec Group (SINOPEC) အဆောက်အဦး အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံပိုင် ရေနံနှင့်ဓာတု ကုမ္ပဏီ Sinopec Group (SINOPEC) သည် ရုရှား နိုင်ငံပိုင် ရေနံ ကုမ္ပဏီ နှင့်ပူးပေါင်းကာ ရုရှား နိုင်ငံရှိ ရေနံမြေ နှစ်ခုတွင် ရေနံ တူးဖော်ရန် ပူးပေါင်း ဆောင်ရွက်မှု မူဘောင် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ယခု ချုပ်ဆိုလိုက်သည့် စာချုပ်အရ တရုတ် နိုင်ငံပိုင် ရေနံနှင့်ဓာတု ကုမ္ပဏီသည် ရုရှား နိုင်ငံပိုင် ရေနံ ကုမ္ပဏီ ၏ East Siberian Oil and Gas Company (ESOGC) နှင့် Tyumen Oil and Gas Company တို့၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်း အား ဝယ်ယူ နိုင်မည် ဖြစ်ပြီး ၎င်း ကုမ္ပဏီ နှစ်ခု သည် ရုရှား နိုင်ငံ ရှိ Yurubcheno-Tokhomskoye နှင့် Russkoye ရေနံမြေ များအား တူဖော်ခွင့် ရရှိ ထားသော ကုမ္ပဏီများ ဖြစ်ကြသည်။

နှစ်နိုင်ငံ အနေဖြင့် ယခု သဘောတူညီမှု ရရှိခဲ့သည့် ရေနံ တူးဖော်ရေး လုပ်ငန်းများသည် ရုရှား ရေနံကုမ္ပဏီ၏ အဓိက ရေနံတူးဖော်ရေး လုပ်ငန်း တည်နေရာများ ဖြစ်ကြောင်း ၊ အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း စွန့်စားမှု အန္တရာယ် ကိုလျော့ကျစေနိုင်ပြီး ပူးပေါင်းမှုမှ တစ်ဆင့် အရင်းအနှီး ၊ နည်းပညာ နှင့် ဆောင်ရွက်နိုင်မှု စွမ်းရည် ပိုင်းတို့တွင် ပိုမို မြှင့်တင် နိုင်မည် ဖြစ်ကာ နှစ်ဘက်လုံး အနေဖြင့် ဤ ပူးပေါင်းမှုကို စိတ်ဝင်စား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထိုနေ့ မှာပင် တရုတ် နိုင်ငံပိုင် ရေနံနှင့်ဓာတု ကုမ္ပဏီ Sinopec Group (SINOPEC) သည် ရုရှား နိုင်ငံ၏ ထိပ်တန်း ရေနံဓာတု နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ဖြစ်သည့် Sibur Group နှင့်လည်း မဟာဗျူဟာ ရင်းနှီးမြှပ်နှံမှု စာချုပ်အား ချုပ်ဆိုလိုက်ကြောင်း ကြေညာခဲ့ပြီး တရုတ် နိုင်ငံ ရေနံနှင့်ဓာတု ကုမ္ပဏီ မှ Sibur Group ၏ ရှယ်ယာ များအား ဝယ်ယူမည်ဖြစ်ကာ မဟာဗျူဟာမြောက် ရင်းနှီးမြှပ်နှံသူ ဖြစ်လာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.