Connect with us

Environment, Disasters & Accidents

မိုးကောင်းမြို့နယ်၌ ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွား

တရားမဝင် ရထားသံလမ်းကူး ၌တိုက်မိခဲ့သည့် အမှတ် ၅၈ အစုန်ရထားနှင့်မော်တော်ယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့ ၁၈း၄၅ နာရီအချိန်တွင် မိုးကောင်းမြို့နယ် ဆားမှော်ဘူတာနှင့် တောင်နီဘူတာကြားရှိ တရားမဝင်သံလမ်းကူး၌ ဇော်နိုင်လင်း(၃၁)နှစ် မောင်းနှင်လာသည့် YGN 4F- ×××× Nissan (၁၂)ဘီးယာဉ်သည် သံလမ်းကူးအား ဖြတ်မောင်းစဉ် မြစ်ကြီးနား-မန္တလေး အမှတ်(၅၈)အစုန်ရထားမှ မော်တော်ယာဉ်နောက်ပိုင်းအား တိုက်မိခဲ့သဖြင့် မော်တော်ယာဉ် နောက်ပိုင်း အနည်းငယ်ပျက်စီးခဲ့ကာ ရထားစက်ခေါင်းယာခြမ်းပိန်၊ လက်ကိုင်တန်း/ ရှေ့ဘန်ကာ ကျိုးပျက်ခဲ့သဖြင့် ဇော်နိုင်လင်းအား မိုးကောင်းမြို့မရဲစခန်းမှ (ပ)၇၇/၂၀၁၈၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.