ပေကျင်း၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ဇူလိုင် ၂၁ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ထိထိရောက်ရောက် စီမံခန့်ဆောင်ရွက်ခဲ့သလို ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးထိပ်ထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကျိန့်ကျိုး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့တွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ လမ်းခရီးနှောင့်နှေးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) ယူနန်မြောက်ဘက်သို့ ရွှေ့ပြောင်းသည့် ဆင်အုပ်ကြီးသည် ဇွန် ၂၀ ရက် ၁၈ နာရီမှ ဇွန် ၂၁ ရက် ၁၈ နာရီအတွင်း မြောက်ဘက် (၉.၃)ကီလိုမီတာအကွာသို့ ရွှေ့ပြောင်းလျက်ရှိပြီး ယွိရှီးမြို့ အယ်ဆန်းခရိုင်မှ ရိမန်ခရိုင် စီကျယ်ကျေးရွာ တောအုပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း...
ထိုက်ယွမ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် ကျောက်မီးသွေးတွင်း ခေါင်မိုးပြိုကျမှုကြောင့် ပိတ်မိနေသူ ၇ ဦးကို ဇွန် ၁၈ ရက်၌ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။ Linxian ကောင်တီတွင် Shanxi Jinliu စွမ်းအင်ကုမ္ပဏီမှ ဆောင်ရွက်နေသော Taiye...
ကူမင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်း လှည့်လည်သွားလာနေသော အာရှတောဆင်ရိုင်းအုပ်အား သင့်လျော်သောနေရာသို့ လမ်းညွှန်ပေးရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံ၏ တောရိုင်းတိရစ္ဆာန် တာဝန်ရှိသူများက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းတို့၏ မူလနေရပ်မှ ကီလိုမီတာ ၅၀၀ ခန့် ခရီးကြမ်း...
ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
ကူမင်း ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးက အာရုံစိုက်မှုရရှိခဲ့သည် ဆင်အုပ်ကြီးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမြို့တော် ကူမင်းမြို့အပြင်ဘက်၌ ကောင်းစွာအနားယူပြီးနောက် အနောက်တောင်ဘက် ၃.၇ ကီလိုမီတာထိ ဦးတည် ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အကောင်ရေ ၁၄ ကောင်ပါဝင်သော အာရှတောရိုင်း ဆင်အုပ်သည် ဇွန် ၈ ရက်...
ပေကျင်၊မေ ၂၃ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မေ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ငလျင်ဆက်တိုက်လှုပ်ရှားမှုဒဏ်ခံစားခဲ့ရသည့် ယူနန်ပြည်နယ် နှင့် ချင်းဟိုင်ပြည်နယ်(Qinghai ) များသို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ဗဟိုအစိုးရရန်ပုံငွေမှ တရုတ်ယွမ် ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁.၅၆ သန်း) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း...
တိဗက်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဧဝရတ်တောင်တန်း (ချိုမိုလန်းမားတောင်) အလယ်ပိုင်း ပင်လယ်ရေမျက်နှာပြင်အထက် (၄,၂၀၀) မီတာတွင်ရှိသည့် တိဗက်ဒေသ ကျီလုံခရိုင်တောင်ဘက်ပိုင်းတွင် ဧဝရတ်တောင်၏ တောင်နှင့်မြောက်ကို ဖြတ်သန်းသွားသည့် ကျီလုံတောင်ကြားရှိသည်။ ယင်းနေရာသည် ရှေးအခါက တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ၊ တောင်အာရှကုန်းမြေသို့ ဆက်သွယ်ရာ အရေးကြီးလမ်းမကြီးဖြစ်ပြီး မြင့်မားသည့်တောင်တန်း၊ ဆီးနှင်းဖုံးလွှမ်းနေသည့်...
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့် အလုပ်သမားနေ့အားလပ်ရက်အတွင်း လေယာဉ်လက်မှတ်များ ၊ ဝင်ခွင့်လက်မှတ်များ နှင့် ဟိုတယ်အခန်းများ ကြိုတင်စာရင်းပေးသွင်းမှုများသည် ၂၀၁၉ ခုနှစ် အလားတူကာလထက် သိသိသာသာ ကျော်လွန်နေခြင်းနှင့်အတူ ပြည်တွင်းခရီးစဉ် သန်း ၂၅၀ ဝန်းကျင် ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။