China
တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်မှု နှစ် ၈၀ ပြည့်နှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား
ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)
တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်မှု နှစ် ၈၀ ပြည့်နှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၃ ရက်တွင် ဖြေကြားခဲ့သည်။
ယနေ့သည် အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံး (တိုကျိုရုံးတင်စီရင်မှု) က တရားရုံးထုတ်စီရင်သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်ကြောင်း၊ လတ်တလောရက်ပိုင်းတွင် တရုတ်၊ ဂျပန်၊ နိုင်ငံတကာအသိုင်းအဝိုင်းက အထိမ်းအမှတ်အခမ်းအနားများစွာ ကျင်းပ၍ တိုကျိုရုံးတင်စီရင်မှု၏ သမိုင်းအနက်အဓိပ္ပာယ်ကို ပြန်လည်အောက်မေ့ခဲ့ကြကြောင်း၊ ယင်းအပေါ် တရုတ်ဘက်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုပြောကြားလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က ၁၉၄၆ ခုနှစ် မေ ၃ ရက်တွင် ဂျပန်က အကြွင်းမဲ့လက်နက်ချအညံ့ခံမှု အစီအစဉ်နှင့် မဟာမိတ်တပ် အဆင့်မြင့်စစ်သေနာပတိချုပ်က ထုတ်ပြန်သည့် “အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံး ပဋိညာဉ်စာတမ်း” အရ အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံးတွင် တရားဝင်ရုံးထုတ်စီရင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သမိုင်းဝင်စီရင်မှုသည် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ တရားစီရင်ရေးအင်အားများကို စုစည်းထားကာ သံမဏိပမာခိုင်မြဲသော သက်သေအများအပြားနှင့် တင်းကျပ်သော ဥပဒေသဘောတရားများဖြင့် ဂျပန်စစ်ဝါဒီက ကျူးကျော်မှုစစ်ပွဲ စတင်ခြင်း၊ နိုင်ငံတကာဥပဒေအား ဆိုးရွားစွာ ချိုးဖောက်ခြင်းကို စီရင်အတည်ပြု၍ ဂျပန်ကျူးကျော်သူများက အာရှတိုက်နိုင်ငံများစွာ၌ ကျူးလွန်ခဲ့သော ပြစ်မှုများစွာကို ထုတ်ဖော်ခဲ့ကြောင်း၊ ဟိဒဲကီ တိုဂျို စသည့် A အဆင့် စစ်ရာဇဝတ်သား ၂၅ ဦးကို ကြိုးပေးကွပ်မျက်ခြင်းနှင့် ထောင်ဒဏ်တို့ဖြင့် စီရင်ချက်ချခဲ့ကာ “အောင်နိုင်သူက စီရင်ခြင်း” ၊ “မိမိကိုယ်ကိုကာကွယ်သည့်စစ်ပွဲ” ၊ “အချင်းဖြစ်ရပ်ပြီးမှ ဥပဒေပြုခြင်း” စသည့် အဓိပ္ပာယ်မရှိသော ပြောဆိုချက်များကို ပယ်ချခဲ့ကြောင်း၊ တိုကျိုရုံးတင်စီရင်မှုသည် “ကိုင်ရိုကြေညာချက်” ၊ “ပေါ့စ်ဒ်ကြေညာချက်” ပါ သတ်မှတ်ချက်များကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ရာ စစ်ပွဲအောင်နိုင်သည့်နိုင်ငံနှင့် နစ်နာဆုံးရှုံးသူအုပ်စု၏ စိတ်ဓာတ်ကို ထင်ဟပ်စေပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လက်တွေ့ကျင့်သုံးခြင်းဖြစ်သလို ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းရလဒ်ကိုလည်း ကာကွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တိုကျိုရုံးတင်စီရင်မှု၏ စီရင်ချက်အား လက်ခံခြင်းသည် စစ်ပွဲအလွန် ဂျပန်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်ပါဝင်ရန် လိုအပ်ချက်ဖြစ်ကြောင်း၊ အမျက်ဒေါသဖြစ်ဖွယ်ကောင်းသည်မှာ နှစ်ပေါင်း ၈၀ အကြာ ယနေ့တွင် ဂျပန်စစ်ဝါဒီ၏ ကျန်ရှိသောအဆိပ်အတောက်များ ရှင်းလင်းခြင်းမရှိသေးဘဲ တိတ်တဆိတ် ကြီးထွားလာလျက်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
တိုကျိုရုံးတင်စီရင်မှု သမိုင်းဆုံးဖြတ်ချက်နှင့် သံမဏိပမာခိုင်မာသော သက်သေများကို ရင်ဆိုင်ရာတွင် ဂျပန်လက်ယာယိမ်းအင်အားစုက အစွမ်းကုန်ငြင်းပယ်ခြင်း၊ ပုံဖျက်ခြင်းတို့ လုပ်ဆောင်သည့်အပြင် ကျူးကျော်သည့်ပြစ်မှုကို တန်ဆာဆင်ရန်ပါ ကြိုးပမ်း၍ သမိုင်းဖတ်စာအုပ်ပါ အကြောင်းအရာများအား ပြင်ဆင်ကာ ဂျပန်လူမှုအသိုက်အဝန်းထံသို့ မှားယွင်းသည့်သမိုင်းအမြင် သွတ်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့်ပင် အချို့သော ဂျပန်အစိုးရအရာရှိ၊ နိုင်ငံရေးပုဂ္ဂိုလ်များက ခေါင်းမာစွာ A အဆင့် စစ်ရာဇဝတ်သားများကို “သူရဲကောင်း” အဖြစ် ဂုဏ်ပြုကာ A အဆင့် စစ်ရာဇဝတ်သားများကို ဂုဏ်ပြုထားသည့် “ယာဆူကူနီဂူဗိမာန်” သို့ ပြောင်ပြောင်တင်းတင်း သွားရောက် ဂါရဝပြုနေကြခြင်းပင်ဖြစ်ကြောင်း၊ လက်ယာယိမ်းအင်အားစုက လေးတင်မြားပြင်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်ခြင်း၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်ခြင်း၊ တိုက်ခိုက်မှုအသွင်လက်နက်များ ဖြန့်ကြက်နေရာချထားခြင်း၊ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများအား ပြန်လည်ဖော်ဆောင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တွန်းအားပေးခြင်းတို့သည် စစ်ပွဲအလွန် ဂျပန်က မိမိကိုယ်ကိုအမွှမ်းတင်ထားသည့် “ငြိမ်းချမ်းရေးဝါဒ” နှင့် ဆိုးရွားစွာ ဆန့်ကျင်နေကြောင်း၊ ဂျပန် “စစ်ဝါဒအသွင်သစ်” ၏ အရှိန်မြင့် အန္တရာယ်ဖြစ်လာမှုကို ကိုင်တွယ်စီမံရာ၌ တိုကျိုရုံးတင်စီရင်မှု၏ နောက်ခံအကြောင်းအရာ၊ ဆုံးဖြတ်ချက်နှင့် အခြေခံမူကို ပြန်လည်အောက်မေ့ခြင်းက ပို၍ လက်တွေ့အနက်အဓိပ္ပာယ်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က တိုကျိုရုံးတင်စီရင်မှုသည် လူသားမျိုးနွယ်၏အသိစိတ်ကို စီရင်ခြင်းဖြစ်သလို သမိုင်း၏ တရားမျှတမှုကို ဆုံးဖြတ်ပေးခြင်းလည်းဖြစ်ရာ နူရင်မ်ဘာ့ခ်စစ်ခုံရုံးတင်စီရင်မှုနှင့်အတူ ဖက်ဆစ် စစ်ရာဇဝတ်သားများကို သမိုင်း၏ ရှက်ရွံ့ဖွယ်စာရင်းတွင် ရာသက်ပန်ခတ်နှိပ်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ ရုံးတင်စီရင်မှုကြီးနှစ်ခုတွင် ပါဝင်သည့် သမိုင်းတရားမျှတမှုသည် ငြင်းပယ်၍မရသလို တရားဥပဒေအရ အကျုံးဝင်မှုသည်လည်း စိန်ခေါ်၍မရကာ ယင်းမှတစ်ဆင့်အုတ်မြစ်ချပေးထားသည့် နိုင်ငံတကာစည်းစနစ် အခြေခံအုတ်မြစ်ကိုလည်း ယိမ်းယိုင်အောင် လုပ်ဆောင်၍မရကြောင်း၊ တိုကျိုရုံးတင်စီရင်မှုတွင် ပါဝင်သည့် တရုတ်တရားသူကြီး မစ္စတာ မေရူအောက်က “ယခင်ကအခက်အခဲတွေကို မေ့ပျောက်တာဟာ အနာဂတ်ကပ်ဘေး သယ်ဆောင်လာနိုင်ပါတယ်” ဟု ဆိုခဲ့ဖူးကြောင်း၊ မည်သူမဆို၊ မည်သည့်အင်အားစုမဆို ကိုယ့်အင်အား ကိုယ်နားမလည်ဘဲ ကျူးကျော်မှုအတွက် ပြောင်းပြန်လှန်ရန် ကြိုးပမ်းမည်ဆိုပါက တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေးချစ်မြတ်နိုးသူများ၏ အခိုင်အမာဆန့်ကျင်ခြင်းကို မုချမသွေခံရမည်ဖြစ်ကာ သမိုင်း၏စီရင်မှုစင်မြင့်ထက်သို့ မဖြစ်မနေ ထပ်မံပို့ဆောင်ခံရမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部发言人就东京审判开庭80周年答记者问
新华社北京5月3日电 外交部发言人3日就东京审判开庭80周年答记者问。
有记者问:今天是远东国际军事法庭(东京审判)开庭80周年纪念日。近期,中国、日本、国际社会都举行了一系列纪念活动,重温东京审判历史意义。请问中方对此有何评论?
发言人说,1946年5月3日,根据日本无条件投降安排和盟军最高统帅颁布的《远东国际军事法庭宪章》,远东国际军事法庭正式开庭。这场历史性审判汇聚11国司法力量,以海量铁证和严谨法理,判定日本军国主义发动侵略战争、严重违反国际法,揭露日本侵略者在亚洲多国犯下的累累罪行,判处东条英机等25名甲级战犯绞刑、徒刑,驳斥所谓“胜利者审判”“自卫战争”“事后立法”等谬论。东京审判是《开罗宣言》《波茨坦公告》规定的实施,反映战胜国与受害者集体意志,践行《联合国宪章》的宗旨与原则,捍卫了二战胜利成果。
发言人说,接受东京审判判决是战后日本回归国际社会的前提。令人愤慨的是,80年后的今天,日本军国主义遗毒未清、潜滋暗长。面对东京审判历史定论和铁证如山,日本右翼势力极力否定、极尽歪曲,甚至美化侵略罪行,篡改历史教科书,向日本社会灌输错误历史观。这也就难怪一些日本政府官员、政客顽固将甲级战犯奉为“英雄”,公然参拜供奉有甲级战犯的所谓“靖国神社”,右翼势力磨刀霍霍、拉弓搭箭,加速“再军事化”,部署进攻性武器,重整军工产业,推动修改宪法,严重背离战后日本自我标榜的“和平主义”。面对日本“新型军国主义”成势为患,重温东京审判的背景、结论和原则,更具现实意义。
发言人说,东京审判审的是人类良知,判的是历史公正,同纽伦堡审判一道把法西斯战犯永远钉在历史的耻辱柱上。这两场大审判所承载的历史正义不容否定,法律效力不容挑战,奠定的战后国际秩序基石不容撼动。东京审判的中国法官梅汝璈先生曾说过,“忘记过去的苦难可能招致未来的灾祸”。任何人、任何势力如果不自量力,企图为侵略翻案,必将遭到全世界爱好和平人们的坚决抵制,必将被再次押上历史的审判台。(完)
图说:1946年5月3日,远东国际军事法庭在日本东京对第二次世界大战中的日本战犯进行审判。新华社发
