Connect with us

China

ဂျပန်အာဏာပိုင်များအနေဖြင့် အမှားကိုပြန်လည်သုံးသပ်ရန်၊ တရုတ်-ဂျပန် ပုံမှန်ကူးလူးဖလှယ်မှုများအတွက် လိုအပ်သည့်အခြေအနေဖန်တီးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

လက်ရှိ တရုတ်-ဂျပန် ဆက်ဆံရေး ဆိုးရွားသည့်အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း၏ အရင်းခံမှာ ထိုင်ဝမ်နှင့်စပ်လျဉ်း၍ ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များကြောင့် ဖြစ်ရာ ဂျပန်နိုင်ငံတွင်သာ အပြည့်အဝ တာဝန်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ “အကယ်၍ ထိုင်ဝမ်အပေါ် တရုတ်ပြည်မကြီးက စစ်သင်္ဘောများစေလွှတ်၍ လက်နက်အင်အားအသုံးပြုမယ်ဆိုရင် ‘သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ’ ဖြစ်လာနိုင်တယ်” ဟူသော ပြောဆိုချက်များထွက်ပေါ်ခဲ့ပြီး နှစ်ဝက်အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မေ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းများကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

စစ်မှန်သည့် ဖလှယ်မှုနှင့် တွေ့ဆုံဆွေးနွေးမှုသည် တစ်ဖက်သားအား လေးစားမှု၊ ဘုံသဘောတူညီချက်အား လိုက်နာစောင့်ထိန်းမှုအခြေခံပေါ်တွင် တည်ဆောက်သင့်ကြောင်း၊ ဂျပန်ဘက်က တရုတ်-ဂျပန် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေလိုသည့် ဆန္ဒအမှန်ရှိပါက တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း လေးခုနှင့် မိမိကိုယ်တိုင်ကတိပြုထားသည့် ကတိကဝတ်များကို လိုက်နာစောင့်ထိန်းပြီး မှားယွင်းသည့် ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းရန်၊ လက်တွေ့လှုပ်ရှားမှုဖြင့် တရုတ်-ဂျပန် ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဂျပန်အာဏာပိုင်တွေအနေနဲ့ ပြဿနာရဲ့ ဇာစ်မြစ်ကို တည့်မတ်စွာ ရှုမြင်ဖို့၊ အမှားကို ပြန်လည်ဆင်ခြင်ရန်၊ တရုတ်-ဂျပန် ပုံမှန်ကူးလူးဖလှယ်ရေးအတွက် လိုအပ်တဲ့အခြေအနေ ဖန်တီးဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:敦促日本执政当局反思纠错,为中日正常交流创造必要条件
新华社北京5月7日电(记者董雪、孙楠)在日本首相高市早苗发表“如果中国大陆对台湾出动军舰并使用武力,可能会构成‘存亡危机事态’”言论半年之际,外交部发言人林剑5月7日在例行记者会上答问时表示,当前中日关系面临严重困难,根源在于高市早苗发表错误涉台言论,责任完全在日方。真正的交流与对话应建立在尊重对方、恪守共识的基础上。日方如果真心想改善中日关系,就应恪守中日四个政治文件和自身所作承诺,撤回错误言论,以实际行动维护中日关系政治基础。“我们敦促日本执政当局正视问题根源,反思纠错,为中日正常交流创造必要条件。”