Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာခဲအို အာခီဘာ (ဝဲ) တို့ သြဂုတ် ၂၉ ရက် က ပေကျင်း၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာခဲအို အာခီဘာ နှင့် သြဂုတ် ၂၉ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝမ် က မေလတွင်သွားရောက်ခဲ့သည် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်၏ ဂျပန်ခရီးစဉ် သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို လမ်းကြောင်းပေါ်သို့ ပြန်လည်ဆွဲတင်ခဲ့ကြောင်း၊ ရှုပ်ထွေးသည့် အခြေအနေများ ရှိနေသော နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်မြင့်တိုးတက်လာမှု ကို မြတ်နိုးတန်ဖိုးထားရန် ထိုက်တန်ကြောင်း မှတ်ချက်စကားပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုသော နှစ် ၄၀ပြည့် အထိမ်းအမှတ် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တီထွင်ဆန်းသစ်မှု နှင့် တတိယဈေးကွက် (Third-party market) တို့တွင် ဂျပန်နိုင်ငံနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားပြီး ဒေသတွင်းပေါင်းစည်းမှုဖြစ်စဉ် အပါအဝင် အရှေ့အာရှစီးပွားရေးအသိုက်အဝန်း တည်ဆောက်မှုကို မြှင့်တင်သွားရန် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

တာခဲအို အာခီဘာ က နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်ရသည့်အတွက် ဂျပန်နိုင်ငံက ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ တရုတ်နိုင်ငံ နှင့် လက်တွဲသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြင့်အောင် မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.