Connect with us

Politics, Law & Military

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်၍ လှပသောအနာဂတ်ပန်းတိုင်ဆီသို့

“ထူပု” အဝတ်အထည်များအား ရက်လုပ်နေသည့် ပုယီးတိုင်းရင်းသား အမျိုးသမီးများ အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် မတိုင်မီ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေးအတွက် ပြင်ဆင်ရာတွင် လာမည့်သုံးနှစ် ၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲအား အောင်နိုင်စေရန် မကြာသေးမီက လမ်းညွှန်ချက်တစ်ခုအား ထုတ်ပြန်ခဲ့သည်။

အဆိုပါ လမ်းညွှန်ချက်တွင် ဆင်းရဲနွမ်းပါးသူလူတန်းစားများကို အစားအစာ နှင့် အဝတ်အထည်များ ထောက်ပံဖြည့်ဆည်းပေးသင့်ပြီး နွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များအတွက် အသက် ၉နှစ် အထိ မသင်မနေရ ပညာရေးစနစ်ကို ပြုလုပ်ပေးသင့်ကြောင်းပါရှိသည်။ ထို့ပြင် ဆင်းရဲနွမ်းပါးသူလူတန်းစားများ၏ အခြေခံ ဆေးကုသမှု လိုအပ်ချက်များ နှင့် နေထိုင်မှု အခြေအနေများကိုလည်း ထောက်ပံ့ပေးသင့်ကြောင်း ပါရှိသည်။

နှစ်စဉ် ဝင်ငွေ တရုတ်ယွမ် ၂,၃၀၀ယွမ် (အမေရိကန်ဒေါ်လာ ၃၃၆.၁ဒေါ်လာခန့်) အောက် ရရှိသူများအား တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုစံမျဉ်းအောက်တွင် နေထိုင်သူများအဖြစ် သတ်မှတ်ထားသည်။

လွန်ခဲ့သည့် ၅နှစ်ကျော်အတွင်း ပြည်သူ ၆၈သန်းကျော်ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီး နောက်ထပ်ပြည်သူ သန်း၃၀ အား လာမည့် ၃နှစ်မတိုင်မီ ဆင်းရဲတွင်းမှ ဆွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ရည်မှန်းချက်အဆုံးသို့လျှောက်လှမ်းနိုင်အောင် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ တိတိကျကျဆောင်ရွက်နေသည်ကို အောက်ပါအတိုင်း လေ့လာနိုင်သည်။

တရုတ်နိုင်ငံ ဆေးရုံတစ်ခုတွင်ဆေးကုသမှုခံယူနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ပင်ပန်းခက်ခဲသော လုပ်ဆောင်ချက်တစ်ခု

တရုတ်နိုင်ငံသည် ထူးခြားကွဲပြားသောလုပ်ငန်းနယ်ပယ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုကို အထူးအလေးပေးလုပ်ဆောင်လျက်ရှိသည်။

ဗဟိုစိုက်ပျိုးရေးဆိုင်ရာ ဦးဆောင်အုပ်စုရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဟန့်ကျွင်း က ၂၀၂၀ခုနှစ်မတိုင်မီ နယ်ပယ်အသီးသီးတွင် ကောင်းမွန်ပြည့်စုံသည့် လူမှုအသိုင်းအဝိုင်း ဖြစ်လာစေရန်အတွက် အကြီးမားဆုံးသော အားနည်းချက်သည် ကျေးလက်ဧရိယာများ ဖြစ်ပြီး အဓိကအားဖြင့် ယင်းဧရိယာများမှ လူဆင်းရဲများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ကျိုးပြည်နယ် ပုယီးမြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ချင်းရှီနန်းဒေသ ရှိ ဆင်းရဲနွမ်းပါးလွန်းသော ဧရိယာတစ်ခု ဖြစ်သည့် ကျဲ့ရှန်းမြို့ တွင် ထူးခြားသော ပုယီးမြောင် အဝတ်များ ရက်လုပ်မှုကို ဖော်ကျူးပြသထားသော ခရီးသွားဆွဲဆောင်ရာပန်းခြံတစ်ခုကို တည်ထောင်ပေးခဲ့ပြီး ဒေသခံ အစိုးရသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအား ကျေးလက်ခရီးသွားလာမှု နှင့် အတူ ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ယင်းပန်းခြံအား စတင်တည်ထောင်ခဲ့သည့် ၂၀၁၆ခုနှစ်မှစ၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် ၂၀၀ကျော် ကိုဖန်တီးပေးနိုင်ခဲ့ပြီး နှင့် ခရီးသွားများစွာ လာရောက်လည်ပတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

ပုယီးတိုင်းရင်းသားများ၏ အထူးအဆင်ဒီဇိုင်းများပါဝင်သည့် အဝတ်အထည်တစ်မျိုးဖြစ်သော “ထူပု” အထည် ရောင်းရငွေ သည် ၂၀၁၇ခုနှစ် ခြောက်လတာကာလ၌ပင် တရုတ်ယွမ် ၁.၂သန်းကျော်အထိ ရောက်ရှိခဲ့ကြောင်း ပြည်တွင်းအဝတ်အထည်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ၏ ဒုတိယမန်နေဂျာ ဝမ်ထျန်ချင် က ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းသည် မြို့၏ ပျမ်းမျှဝင်ငွေကို တိုးတက်စေရုံသာမက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုလည်း မြှင့်တင်ပေးကြောင်း ကျဲ့ရှန်းမြို့ ပါတီဒုတိယအတွင်းရေးမှူး ကျုံးကျွင့် ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထူးခြားကွဲပြားသောလုပ်ငန်းနယ်ပယ်များအား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်နေသည့်အတွက် ဆင်းရဲသားလူတန်းစားများ၏ စိတ်ဓါတ်ခွန်အား မြင့်မားလာစေရန် ပိုမို အလေးပေးဂရုပြုသင့်ကြောင်း လမ်းညွှန်ချက်တွင် ပါရှိသည်။

ဆေးဝါးကုသမှု အာမခံ

ထူးခြားကွဲပြားသောလုပ်ငန်းနယ်ပယ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုတို့အပြင် လွန်ခဲ့သော ၃နှစ် အတွင်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု သည် ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ် ဖြစ်ကြောင်း ဟန့်ကျွင်းကပြောကြားခဲ့သည်။

အဆိုပါ ပြဿနာအား ဖြေရှင်းရန် တရုတ်နိုင်ငံသည် မှတ်ပုံတင်ထားသော ဆင်းရဲနွမ်းပါးသူများအတွက် ဆေးကုသမှုကုန်ကျစရိတ်အားလုံးနီးပါး ထောက်ပံ့ပေးမည့် အာမခံအစီအစဉ်သစ်တစ်ခုကို စတင်စမ်းသပ်ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ကျားလုံရွာ ရှိ ဝမ်ကျွမ်းဖူ၏ ပြောကြားချက်အရ ၎င်း၏ ဆေးကုသမှု အာမခံ နှင့် အပြင်းအထန်နာဖျားမှု အတွက် အာမခံသည် ပုံမှန်အားဖြင့် ကုန်ကျစရိတ်၏ ၆၀ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးထားသော်လည်း ၂၀၁၆ခုနှစ် တွင် တရုတ်နိုင်ငံ၌ စတင်ဆောင်ရွက်ခဲ့သော အာမခံအသစ် က ၎င်းဇနီး၏ သားအိမ်ကင်ဆာကုသမှု အတွက် ကျန်ငွေများကို ထပ်မံဖြည့်သွင်းထောက်ပံ့ပေးခဲ့ခြင်းဖြင့် ၂၀၁၈ခုနှစ်အတွင်း ဆေးကုသမှုစရိတ် တရုတ်ယွမ်ငွေ တစ်ပြားတစ်ချပ်မျှ ကုန်ကျခြင်းမရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်။

ချင်းဟိုင်အာမခံစည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗျူရို ၏ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း မှတ်ပုံတင်ထားသော ဆင်းရဲသားများ၏ ၄၄.၁ရာခိုင်နှုန်းသည် ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များကြောင့် ဆင်းရဲမွဲတေမှုစံမျဉ်းအောက်သို့ ရောက်ရှိနေကြောင်း သိရသည်။ အာမခံအစီအစဉ်သစ်သည် ၎င်းတို့အတွက် ဆေးကုသမှုစရိတ်အတွက် ပြန်အမ်းငွေ အချိုးအစားကို ပိုမိုများပြားလာစေရန် ရည်ရွယ်ထားသည်။

အဆိုပါ အာမခံအစီအစဉ်သစ်အား ချင်းဟိုင်ပြည်နယ် ရှိ ရှီးနင်မြို့ နှင့် နင်ရှားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ဧရိယာအများအပြားတွင် စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်

လမ်းညွှန်ချက်အရ တရုတ်နိုင်ငံ ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တိုက်ပွဲ ၏ နောက်ထပ် ဦးစားပေးတစ်ခုမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖြစ်သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ စည်းမျဉ်းစည်းကမ်းစုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) သည် အကျင့်ပျက်ခြစားမှု ကိစ္စရပ်များ နှင့် ဆင်းရဲနွမ်းပါးမှုကင်းစင်ရေးလုပ်ငန်းများတွင် မရိုးဖြောင့်သည့် လုပ်ရပ်များအား ဖော်ထုတ်နိုင်ရန် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကဏ္ဍသစ်တစ်ခုကို ယခုနှစ် အစောပိုင်းက ဖွင့်လှစ်ပေးခဲ့သည်။

ပထမဆုံးဖော်ထုတ်ခဲ့သော ကိစ္စရပ် ၂၄ခု အနက် ၆ခု တွင် နေအိမ်အဟောင်းများ ပြန်လည်ဆန်းသစ်တည်ဆောက်ရေးအတွက် ရည်ရွယ်ထားသော ရန်ပုံငွေများအား ခိုးယူခြင်း (သို့) အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်ပြီး အခြား ကိစ္စရပ်များတွင် လုပ်ငန်းခွင်လေ့ကျင့်ရေးရန်ပုံငွေများ အားအလွဲသုံးစားလုပ်မှု နှင့် တာဝန်မကျေပွန်မှုတို့ ပါဝင်ကြောင်း သိရသည်။

CCDI ၏ ထုတ်ပြန်ချက်အရ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲ အောင်နိုင်ရေး သည် ပါတီက ပြည်သူအပေါ်ပေးအပ်သည့် ကတိတစ်ခုဖြစ်သည့် အပြင် နိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်၍ လုံးဝဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုသော် တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်နေပြီး အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ထို့အတူ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက် အတိုင်း ၂၀၂၀ခုနှစ် မတိုင်မီ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေး လမ်းစဉ် အောင်မြင်မှု ရရှိနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်နေမည်ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.